Main menu

Background

LG နဲ့ ဆမ်ဆောင်းတို့ ပရီမီယံရေခဲသေတ္တာများအတွက် ယှဉ်ပြိုင်

Wed, 07/25/2012 - 07:59 -- Anonymous (not verified)

    ပိုမိုကြီးမားကောင်းမွန်တဲ့ ထုတ်ကုန်သစ်များကို ထုတ်လုပ်ဖို့ကြိုးစားနေတဲ့ တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံး လူသုံးကုန်လျှပ်စစ်ပစ္စည်းကုမ္ပဏီ LG   က ပရီမီယံ ရေခဲသေတ္တာ အကြီးစားတွေထုတ်လုပ်ရာမှာ ဆမ်ဆောင်းအီလက် ထရွန်းနစ်ကို ယှဉ်ပြိုင်နိုင်မဲ့ နည်းလမ်းတွေ ရှာဖွေကြိုးပမ်းနေပါတယ်။ လာမဲ့ လမှာ သိုလှောင်မှုစွမ်းရည် ၉၁၀ လီတာရှိ အားလုံးအသစ် ဖိုးဒိုး ရေခဲ သေတ္တာ ကို ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း LG အီလက်ထရွန်းနစ်က ယခုရက် သတ္တပတ်က ပြောပါတယ်။    ကမ္ဘာ့ပရီမီယံ ရေခဲသေတ္တာဈေးကွက်ကို ကုမ္ပဏီက ထပ်မံတိုးချဲ့မှာ ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ရာ သူ့ရဲ့ပြည်တွင်းပြိုင်ဖက် ဆမ်ဆောင်းကို တိုက်ရိုက်စိန်ခေါ်လိုက်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဆမ်ဆောင်းက ကွန် ပျူတာ မော်နီတာနဲ့ မိုဘိုင်းဖုန်းတွေလို တခြားအီလက်ထရွန်းနစ် ထုတ်ကုန် တွေမှာ LG  ကို နှာတစ်ဖျားအသာ ရထားပါတယ်။ ယခုလစောစောပိုင်းက မီဒီယာရှင်းလင်းပွဲမှာ ဆမ်ဆောင်းက လီတာ ၉၀၀ ဝင်တဲ့ရေခဲသေတ္တာ မိုဒယ် Zipel T 9000 ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူရဲ့ထုတ်ကုန်ဘေးမှာ ကိုရီးယား တီဗွီစတား Seung  Gi က ကိုယ်ဟန်ပြ ပေးခဲ့ပါတယ်။ ဒီလိုရှင်းလင်းပွဲအပြီးမှာ LG  က ကြေညာခဲ့တာ ဖြစ်ပါတယ်။    ဖိုးဒိုးပရီမီယံ T 9000  က နေရာ အခန်းက ကျယ်တယ်။ နေရာအနေ အထားက အဆင်ပြေတယ်။ ပြီးတော့ အအေးပေးစနစ် ကောင်းတယ်လို့ ဆမ်ဆောင်းက ပြောပါတယ်။ ဒီထုတ်ကုန်ကြောင့် တယ်လီဗီးရှင်းလို အိမ်သုံး ကိရိယာတွေအရောင်းကျနေတာကို တွေ့မိလိမ့်မယ်လို့ ခန့်မှန်းကြောင်း ဆမ် ဆောင်းက ပြောပါတယ်။LG  ကလည်းသူ့ထုတ်ကုန် Dios    ကတီထွင်ဆန်း သစ်မှု ရှိတယ်လို့ ဆိုပါတယ်။Dios   မှာ တစ်လီတာခွဲရှိတဲ့ ပုလင်း ၂၆ လုံးထည့် လို့ရတဲ့အတွက် သိုလှောင်ဖို့နေရာကျယ်ဝန်းရုံမက စတုတ္ထမျိုးဆက်အအေးပေး စနစ်ကို သုံးထားတဲ့အတွက် စွမ်းအင်ပြည့်ဝတယ်လို့ ပြောပါတယ်။Source.koreherald.com