Main menu

Background

ဗီယက်နမ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ အသေးစားစီးပွားရေးလုပ်ငန်းတို့ ပြောရေးဆိုခွင့်နည်း

Wed, 07/25/2012 - 08:02 -- Anonymous (not verified)

      ဗီယက်နမ်ပြည်နယ်အချို့ရှိ စီးပွားရေးပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းတွေမှာ ပြည်တွင်းပြည်ပစီးပွားရေး လုပ်ငန်း တွေကအရေး ပါတဲ့လုပ်ငန်းတွေမှာ ပါဝင်နေပေမဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေက ဒီဆောင်ရွက်မှု ဖြစ်စဉ်မှာ ပါဝင် နိုင်မှုနည်းနေတယ်လို့ ဆိုပါတယ်။ ဒီသုတေသနပြုချက်ကို ယူကေဖွံ့ဖြိုးမှု လေ့လာရေး သိပ္ပံနဲ့ ဗီယက်နမ်ကုန်သည်ကြီး များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း တို့ ပြည်နယ်လေးခုမှာ ပြုလုပ်ခဲ့တဲ့သုတေသနစစ်တမ်းအရတွေ့ခဲ့ရတာ ဖြစ်ပါတယ်။    ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ သူတို့ပါဝင်နိုင်မဲ့ အခွင့် အလမ်းနည်းနေတယ်၊ အစိုးရက လုပ်ငန်းကြီးတွေကိုသာ ဦးစားပေးနေတယ်လို့ အသေးစား စီးပွားရေးလုပ်ငန်းတွေက ယူဆနေကြောင်းအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဖန်သီ သူဟန်းက ပြောပါတယ်။ အသေးစားနဲ့ အလတ်စားစီးပွား ရေးလုပ်ငန်းတွေ ( SMEs )  တွေက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ သြဇာသက်ရောက်မှုနည်းပြီး လုပ်ငန်းကြီးတွေ ကသာသြဇာလွှမ်းမိုး နေတာကို သုတေသနပြုချက်အရ တွေ့ နေရပါတယ်။    ဒီအခြေအနေမျိုးကို ကာမောပြည်နယ်မှာ တွေ့ပြီး ဒီဒေသက တာဝန်ရှိသူတွေက ဒေသတွင်းစီပွားရေးမှာ ( SME)  တွေရဲ့ အခန်းကဏ္ဍကိုအထင်သေးတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်း တစ်ခုက လုပ်ငန်းကြီးတွေကို ဦးစား ပေးလိုက်တဲ့အတွက် အစိုးရ တာဝန်ရှိသူတွေရဲ့ တရားဝင် ဝင်ငွေ ( Formal Income ) တွေမှာတရားမဝင် (Infromal  Charges ) ရငွေတွေနဲ့ဖြည့်ဆည်းပေးနိုင်လို့ ဖြစ်တာကို တွေ့ရကြောင်း ဟန်းက ပြောပါတယ်။    သုတေသနစစ်တမ်းမှာ ပါဝင်တဲ့သူ အများစုက ဒီ အကြောင်းအရာကို ပါဝင်ဆွေးနွေးရမှာကို ဝန်လေးကြောင်း နဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ မိသားစုတွေက စီးပွားရေးလုပ်ငန်း ကြီးတွေဆီကနေ ငွေကြေး အကျိုးအမြတ်တွေ ရယူကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။ အစိုးရ တာဝန်ရှိသူတွေက SMEs တွေကို ပေယျာလကန်ပြုထားတဲ့ အကြောင်းအရင်းတစ်ခုက စီးပွားရေးလုပ်ငန်းကြီးတွေပါဝင်မှုနည်းတဲ့ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေရဲ့ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ဟန်းကပြောပါတယ်။ ဒီလိုအသင်းတွေမှာ ပါဝင်ဆောင်ရွက် ရတာဟာ စီးပွားရေး လုပ်ငန်းကြီးတွေအတွက် အချိန် အလ ဟဿကုန်ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ တိုက်ရိုက် တစ်သီး ပုဂ္ဂလက ဆက်သွယ် ဆောင်ရွက်ရတာက ပိုမိုလွယ်ကူနေ တာတွေ့ရကြောင်း ဟန်းက ပြောပါတယ်။Source.VNS