Main menu

Background

ထိုင်းကုန်ပစ္စည်း ၁၂ မျိုး အမေရိကန်ရဲ့ GSP ခံစားခွင့်များရရှိ

Wed, 07/25/2012 - 08:01 -- Anonymous (not verified)

    ထိုင်းနိုင်ငံကထုတ်တဲ့ ကုန်ပစ္စည်း ၁၂ မျိုးက အမေရိကန်ပြည်ထောင်စုရဲ့ အထူး အခွင့်အရေး ( Generalised System of  Preferences)  ရရှိနေဆဲ ဖြစ်ကြောင်း ထိုင်းစီးပွားရေးနဲ့ကုန်သွယ် ရေး ဝန်ကြီး ဘွန်းဆောင် တဲရီယာ ပီရွမ်က ပြောပါတယ်။    ဒီကြေညာချက်ကို အမေရိကန် ပြည်ထောင်စုကုန်သွယ်ရေး ကိုယ်စား လှယ်ရုံး (Trade Representative Office)  က ဇွန် ၃၀ မှာ ပြုလုပ်တာ ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့  ကုန်သွယ်ရေး ဝန်ကြီးဌာနနဲ့ ဝါရှင်တန်ဒီစီရှိ ထိုင်း သံရုံးရဲ့ ကူးသန်း ရောင်းဝယ်ရေးရာရုံး ကပန်ကြားချက်ကို တင်သွင်းပြီး နောက် တစ်နေ့မှာ စတင် အကျိုးသက်ရောက် မှုရှိခဲ့တာ ဖြစ်ပါတယ်။ GSP  အထူး အခွင့်အရေးရတဲ့ ကုန်စည် ၁၂ မျိုး အနက် Competitive Need Limit ( CNL )   အရ ၂ မျိုးနဲ့ De  Minimis Waivers   အရ ရှိတဲ့ ကုန်ပစ္စည်း ၁၀ မျိုးဖြစ်ပါ တယ်။    CNL  Waivers   အရလွန်ခဲ့တဲ့နှစ် က အမေရိကန်ပြည်ထောင်စုက သတ် မှတ်ပေးထားတဲ့ အမြင့်ဆုံးတန်ဖိုး ဒေါ် လာ သန်း ၁၅၀ နဲ့ ညီမျှတဲ့ အမြင့်ဆုံး CNL  အမြင့်ဆုံး သတ်မှတ်ချက်ကို ကျော်လွန်တဲ့ ပစ္စည်းတွေ အကျုံးဝင်မှာ ဖြစ်ပါတယ်။ CNL  Waivers   အရ ထိုင်းနိုင်ငံမှ အမေရိကန် ပြည်ထောင်စု တင်သွင်းတဲ့ ရော်ဘာလက်အိတ်နဲ့ လေအေးပေးစက် အစိတ်အပိုင်းတွေ အတွက် သာမန်နှုန်းဖြစ်တဲ့ ၃ ရာခိုင် နှုန်းနဲ့ ၁ ဒသမ ၄ ရာခိုင်နှုန်းက အသီး သီး ကင်းလွတ်မှာ ဖြစ်ပါတယ်။    De  Minimis Waivers အရ အကျုံးဝင်တဲ့ပစ္စည်းတွေက ဈေးကွက် ဝေစု ၅၀ ရာခိုင်နှုန်းကျော်ရထားတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ ယခင် နှစ်က အမေရိကန်ပြည်ထောင်စုက အနိမ့်ဆုံးတန်ဖိုးအဖြစ်သတ်မှတ်ထားတဲ့ ဒေါ်လာ ၂၀ ဒသမ ၅ သန်းထက် မကျော်လွန်ရပါဘူး။ ဒီ ၁၀ မျိုးက ပုံမှန် အခွန် ၁၀ ဒသမ ၈ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ ကင်းလွတ်မှာ ဖြစ် ပါတယ်။ ပါဝင်တဲ့ အမယ်တွေထဲမှာ ပြုပြင်ပြီး ငါး၊ ဒူရင်းသီးအစိမ်း၊ နေလှန်း ပြီး သင်္ဘောသီး၊ ပြုပြင်ပြီးသင်္ဘောသီး၊ ဖရူတို၊ပြောင်း၊ ပြုပြင်ထားတဲ့ သစ်သီး၊ အစေ့၊ ပြုပြင်ထားပြီး ကျွဲသားရေနဲ့ ေ<ကထည် ပစ္စည်းတွေပါဝင်ပါတယ်။Source.nationmultimedea.com