ငါန်းဇွန်မြို့နယ် ရွာသာကျေးရွာတွင် စာကြည့်တိုက်ဖွင့်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွာသာကျေးရွာမှာ ဇူလိုင် ၁၄ ရက် နံနက် ၈ နာရီက ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် (ရွှေသာသီရိစာကြည့်တိုက်)ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ စာကြည့်တိုက်ဖွင့်ပွဲကို နယူးဇီလန်မှ ဆရာတော် ဦးသုမနသီရိ၊ မြို့နယ်အုပ်ချု ပ်ရေးမှူး၊ ပြန်ဆက်ဦးစီးအရာရှိ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ စာကြည့်တိုက်အဆောက်အဦ တန်ဖိုး ကျပ်သိန်း ၄၀ ခန့်ကုန်ကျခဲ့ရာ နယူးဇီလန်ဆရာ တော်မှ ကျပ်သိန်း ၂၀ လှူဒါန်းပါဝင်ခဲ့ကြောင်း သိရပါတယ်။ ယင်းစာကြည့်တိုက်ဖွင့်ပွဲမှာ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ တိုင်းဒေသကြီးမန်နေဂျာရုံး TPISကွင်းဆင်းဝန်ထမ်းများမှ စီးပွားကူးသန်းမှ ထုတ်ဝေသည့် Commerce ဂျာနယ်စာစောင် ၅၀ အား ကျေးရွာအုပ်ချုပ်ရေး မှူးထံကို ပေးအပ်လှူဒါန်းေ ပးခဲ့ကြောင်းလည်း သိရှိရပါတယ်။ KMMT
