မန်းသစ်သီးဈေး အရောင်းအဝယ်သွက်
မန္တလေးမြို့ပေါ်ရှိ ဈေးများမှာ ရှမ်း ပြည်နယ်မြောက်ပိုင်းမှ ဝင်ရောက်လာ တဲ့ သစ်သီးဝလံများဟာ ဒီလအတွင်း မှာ အရောင်းအဝယ် သွက်နေကြပါ တယ်။ အချို့ကလည်း နေပူကျဲထဲမှာ လက် တွန်းလှည်းတွေနဲ့ နာနတ်၊ ဒူးရင်း၊ ဖရဲ၊ သခွား၊ သင်္ဘော၊ သရက်၊ နဂါးမောက် သီးစုံလင်စွာ မြို့ထဲလှည့်လည်ရောင်းနေ တာတွေ့ရပါတယ်။ ဖရဲ၊သခွား၊ သရက်၊ သင်္ဘောသီးများကတော့ ကျောက် ဆည်ခရိုင်ဘက်မှ ဝင်ရောက်လာပါ တယ်။ နေကပူ မိုးကမရွာတော့ သစ် သီးဝလံကိုသာ အားပြုစားနေကြတာ ကြောင့် ရောင်းအား ပိုမိုသွက်နေပါ တယ်။ ဒီနေ့ မန္တလေးဈေးချို သစ်သီး ဝလံဈေးကွက်ကို ဝင်ရောက်လာတဲ့ ဈေးနှုန်းများမှာလည်း နာနတ်သီးတစ် လုံး ၂၀၀ ကျပ်မှ ၃၅၀ ကျပ်၊ ဒူးရင်း သီးတစ်လုံး ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ နဂါးမောက်သီးတစ်လုံးအသေး ၂၀၀ ကျပ်၊ အကြီး ၁၅၀၀ ကျပ်၊ ဖရဲသီးတစ် လုံး ၆၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ သခွား မွှေးတစ်လုံး ၇၀၀ ကျပ်၊ ၈၀၀ ကျပ်၊ သင်္ဘောသီးတစ်လုံး ၃၀၀ ကျပ်မှ ၈၀၀ ကျပ်၊ ရင်ကွဲ သရက်သီးတစ်လုံး ၁၀၀ ကျပ်မှ ၁၅၀ ကျပ်နဲ့ ရောင်းဝယ်လျက် ရှိကြောင်း သိရပါတယ်။ အေးအေးစိုး
