မုံရွာ ကုန်စည်ဝန်ဆောင်ခ ကျဈေးနဲ့ ငြိမ်

        မုံရွာဒေသထွက်  ပြည်ပပို့ကုန် ပဲမျိုးစုံတွေ ရန်ကုန်နဲ့မန္တလေးကို တင် ပို့စီးဆင်းမှုပမာဏ  ယခုလအတွင်း လျော့နည်းခဲ့တာနဲ့အတူ သယ်ယူဝန် ဆောင်ခတွေလည်း ကျဈေးမှာ ဆက် လက်ငြိမ်နေတယ်လို့ သယ်ယူပို့ဆောင် ရေးလုပ်ငန်းရှင်တွေထံက  ကြားသိရ ပါတယ်။မုံရွာ၊ မန္တလေးပဲမျိုးစုံ  ကုန်းလမ်း တန်ဆာခဟာ ယခင်ကတစ်အိတ် ကျပ် ၄၀၀ နှုန်းမှ ကျပ် ၃၅၀ သို့ ကျဆင်းခဲ့ ရာ ယနေ့ထိ ဈေးငြိမ်နေခဲ့ပြီး၊ ဆီးသီး ခြောက်သယ်ခ တစ်ပိဿာ ၁၅ ကျပ် ကနေ ယခု ၁၃ ကျပ်သို့ ကျဆင်းသွား ခဲ့ကာ  တင်ပို့တဲ့ ပစ္စည်းပမာဏလည်း လျော့နည်းသွားတယ်လို့ မန္တလေးဂိတ် ပိုင်ရှင်တွေထံက သိရပါတယ်။ မုံရွာ-ရန်ကုန် ကားလမ်းမှ ပဲမျိုး စုံတန်ဆာခတွေလည်း ယခင်က တစ် ပိဿာ ၄၅ ကျပ်ပေါက်ခဲ့ရာမှ ယခုအခါ တစ်ပိဿာ ၄၀ ကျပ်နှုန်းနဲ့ တည်ငြိမ်နေ ခဲ့ပြီး ပဲတင်ပို့မှုပမာဏလည်း သိသိသာ သာ ပါးသွားတယ်လို့ ရန်ကုန်အဝေး ပြေးဂိတ်ပိုင်ရှင်တွေ ပြောပြလို့ သိရပါ တယ်။ ကုန်းလမ်းဝန်ဆောင်ခတွေနည်း တူ  မုံရွာရန်ကုန်ရေယာဉ် ဝန်ဆောင်ခ တွေလည်း ယခင်က တစ်ပိဿာ ၂၅ ကျပ်ထိပေါက်ခဲ့ရာက ယခုအခါ တစ် ပိဿာ ၂၀ ကျပ်ထိ ကျဆင်းခဲ့တာ တော်တော်ကြာပြီလို့ ရေယာဉ်ကိုယ်စား လှယ်တွေကဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ အတွင်းက မုံရွာမှ ရန်ကုန်ကို ရေယာဉ် အစီး ၂၀ နီးပါးတင်ပို့ခဲ့ရပေမဲ့ ဇူလိုင် လထဲမှာတော့ ယနေ့ထိ ခုနစ်စီးခန့်သာ တင်ပို့နိုင်သေးတယ်လို့ ဆိုပါတယ်။         ထွန်းလှိုင်