Main menu

Background

သင်္ဘောလည်းစီး၊ ကုန်းကြောင်းလည်းသွားတဲ့ ကွမ်းသီးခွံ

Wed, 07/25/2012 - 08:13 -- Anonymous (not verified)

     ကွမ်းသီးလို့ပြောရင် ကွမ်းကြိုက်သူများအထူးစိတ်ဝင်စားတဲ့အသီး ဖန်စိမ့်စိမ့်အရသာမျိုး ဖြစ်ပါ တယ်။ ကွမ်းသီးကို ကွမ်းရွက်၊ ထုံး၊ ဆေးရွက်ကြီးတို့နဲ့ ရောနှောစားတာဘဲ လူသိများပါတယ်၊ ကွမ်းသီးအခွံ ကိုတော့ ဒီအတိုင်း စွန့်ပစ်ပစ္စည်းအဖြစ် စွန့်ပစ်လေ့ရှိကြပါတယ်။ အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ကွမ်းသီးအသားကိုစား ကွမ်းသီးအခွံကို နိုင်ငံခြားပို့လိ့ု နိုင်ငံခြားငွေရရှိတော့ စုစည်းသိမ်းဆည်းထားပြီး သင်္ဘောနဲ့တစ်ဖုံ၊ ကုန်းလမ်းကတစ်မျိုး တင်ပို့ကြကြောင်း တွေ့ရပါတယ်။ ကွမ်းသီးခွံကို စက်မှုကုန်ကြမ်းအဖြစ် အသုံးဝင်ကြောင်း၊ ပင်လယ်ရပ်ခြားနိုင်ငံများဖြစ်တဲ့ ဗီယက်နမ်၊ စင်ကာပူ၊ ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေ ကို ရေကြောင်းမှတင် ပို့ကြောင်း ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာ မက်ထရစ် တန်ချိန် ၄၀၀ ကျော် ၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ မက်ထရစ်တန်ချိန် ၃၅၀ ကျော်နဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် မှာ မက်ထရစ်တန်ချိန် ၄၀၀ ကျော် တင်ပို့နိုင်ကြောင်း သိရပါ တယ်။ ရေကြောင်းမှ တင်ပို့သလိုမျိုး ကုန်းလမ်းဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်ကုန်သွယ်ရေး မူဆယ်စခန်းမှ ကန်ဒေါ်လာ ၁၅၀၀၀ တန်ဖိုးရှိ ကွမ်းသီးခွံ တန်ချိန် ၄၄ တန်ခန့်ကို တင်ပို့နိုင်ခဲ့ကြောင်း၊ ကွမ်းသီးခွံတွေကို ပရဆေးကုန်ကြမ်းအဖြစ်နဲ့ စောင်၊ အနွေးထည်တွေချုပ်လုပ်ဖို့ ကွမ်းသီးချည်တွေအဖြစ် ထုတ်လုပ်သုံးစွဲတယ်လို့ စိတ်ဝင်စားဖွယ်သိရပါတယ်။ကွမ်းသီးပင်က စိုက်ပျိုးရလွယ်ကူပြီး ရာသီ၊ အချိန်၊ နေရာသတ်မှတ်ချက်မရှိဘဲ ၁၂ ရာသီ သီးတဲ့ အပင်မျိုးဖြစ်ပါတယ်။ အများအားဖြ င့်တော့ မြန်မာနိုင်ငံအောက်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ အများအပြားစိုက်ပျိုးေ ကြာင်း တွေ့ရှိရပါတယ်။ စိုက်ပျိုးတဲ့တောင်သူတွေ အတွက် စားလည်းစားရ၊ အသီးကလည်း နိုင်ငံခြားငွေရ၊ အခွံကလည်း နိုင်ငံခြားငွေရတဲ့ ကွမ်းသီးပင်ကို စိုက်၊ စား၊ ရောင်းလို့ ဝင်ငွေတိုးဖို့အတွက် အထူးဂရုပြုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သတင်းကောင်းပါးလိုက် ရပါတယ်။                                                                     ထားထားရီ