ပြည်ဈေးကွက်မှာ အာလူး ဈေးကျပေမဲ့ အရောင်းအဝယ်အေး
ပြည်ဈေးကွက်သို့ အောင်ပန်း အာလူးများ ယခုတစ်ပတ်အတွင်း ပိဿာ ၄၀ ဝင်အိတ် ၃၀၀ ခန့်ရှိပြီး၊ ယခင်အပတ်ထက် အဝင်များလာတာ တွေ့ရပါတယ်။ အာလူးများ စိုက်ပျိုး ရာ ရှမ်းပြည်နယ်မှာ အာလူးကို နေရာ အနှံ့ တစ်နှစ်ပတ်လုံးစိုက်ပျိုးပြီး အထွက် များတဲ့အတွက် တင်ပို့မှု ပမာဏများ ပြားလာခြင်းဖြစ်ပါတယ်။ ဈေးနှုန်းမှာ လည်း တစ်ပိဿာကို(ကြီး) ၆၀၀ ကျပ်၊ (လတ်) ၅၅၀ကျပ်၊ (သေး) ၅၀၀ ကျပ် တို့နဲ့ ဈေးအနည်းငယ် ကျသွားပါတယ်။ ဈေးကျပေမဲ့ အရောင်းအဝယ်မှာ တစ်ရက်ကို ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့သို့ အိတ် ၃၀ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး၊ မိုးသီးနှံဖြစ် သော ရွှေဖရုံသီး၊ ပဲသီး၊ သခွားသီးစတဲ့ သီးနှံများ လှိုင်လှိုင်ပေါ်နေတဲ့အတွက် အာလူးစားသုံးမှု အနည်းငယ် လျော့ တယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်
