Main menu

Background

ဆိုးလ်လက်ဆောင်ပစ္စည်းပြပွဲ ၂၀၁၂ (Seoul Gift Show-2012)

Wed, 07/25/2012 - 08:16 -- Anonymous (not verified)

        အာဆီယံ-ကိုရီးယားစင်တာမှ ကြီးမှူး၍ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှ ၂၃ ရက်အထိ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ COEX  (Convention & Exhibition Centre) မှာ ဆိုးလ်လက် ဆောင်ပစ္စည်းပြပွဲ ၂၀၁၂ (SEOUL GIFT SHOW 2012) ကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဆိုးလ်လက်ဆောင်ပစ္စည်းပြပွဲကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင်တွေက အာဆီယံ-ကိုရီးယား စင်တာရဲ့ အကူ အညီနဲ့ နှစ်စဉ်ပါဝင်ပြသနေကြပါတယ်။ပြပွဲကျင်းပရခြင်းရဲ့ရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများမှ ထုတ်ကုန်ပစ္စည်းတွေကို ကိုရီးယားဈေး ကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်စေဖို့နဲ့ ကုန်သွယ်မှုတိုးမြှင့်စေဖို့ဖြစ်ပါတယ်။ ပြပွဲမှာ လက်မှုအနုပညာ ပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ခရစ္စမတ်နဲ့ ပွဲတော်အလှဆင် ပစ္စည်းများ၊ အိမ်ခန်းသုံးစားပွဲခင်း၊ ခန်းစီးလိုက်ကာပစ္စည်းများ ပါဝင်ပြသကြမှာဖြစ်ပါတယ်။ပြပွဲမှာ အာဆီယံ ၁၀ နိုင်ငံမှ တစ်နိုင်ငံကို ပြသသူ နှစ်ဦးစီနဲ့ စုစုပေါင်းပြသသူ ၂၀ ဦးပါဝင်ပြသမှာ ဖြစ်ပါတယ်။ ပြပွဲမှာ မြန်မာနိုင်ငံမှေ ရွးချယ်ခံရတဲ့ ပြသသူလုပ်ငန်းရှင် တစ်ဦးစီအတွက် အသွားအပြန် လေယာဉ်စရိတ်၊ တည်းခိုနေထိုင်စရိတ်နဲ့ သွားလာစရိတ်တွေကို အာဆီယံ-ကိုရီးယားစင်တာမှ ကျခံပေးမှာ ဖြစ်ပါတယ်။ အာဆီယံ-ကိုရီးယား စင်တာမှ တာဝန်ရှိသူနဲ့ ကျွမ်းကျင်သူတို့က ၂၀၁၂ ခုနှစ် သြဂုတ် ၃ ရက်မှာ မြန်မာနိုင်ငံမှ ပါဝင်ပြသလိုတဲ့ ၎င်းင်းကုမ္ပဏီလုပ်ငန်းတွေကို စစ်ဆေးအကဲဖြတ်ရွေးချယ်မှာဖြစ်တယ်။ စိတ်ဝင်စားတဲ့ မြန်မာကုမ္ပဏီတွေအနေနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည် ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့် တင်ရေးဌာနခွဲ၊ ကုန်စည်ပြပွဲဌာနစိတ် ဖုန်း-၀၆၇-၄၀၈၄၁၁ ၊ ဖက်စ် ၀၆၇-၄၀၈၃၁၁ နဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ပြပွဲဌာနတို့ကို ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။                               KKK