Main menu

Background

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကျင်းပ

Wed, 07/25/2012 - 08:25 -- Anonymous (not verified)

    နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်း၏ ၂၀၁၂ ခုနှစ် ဇူလိုင် လကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကို ၂၀၁၂ ခုနှစ် ဇူလိုင် ၁၄ ရက် ၁၃း၀၀ နာရီတွင် ရခိုင် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း အစည်းအဝေးခန်းမ ၌ ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်  ဦးလှမောင်တင်၊ စီမံ ကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးမြအောင်၊  ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးထိန် လင်းနှင့် ပြည်နယ်ဌာန ဆိုင်ရာအရာရှိများ၊ OSS အဖွဲ့ဝင် ဌာနဆိုင်ရာ အရာထမ်းများ၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း ၃၅ ဦးတက် ရောက်ခဲ့ပါတယ်။အစည်းအဝေးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် က ရခိုင်ပြည်နယ်ဟာ ယခုအချိန်မှာ တည်ငြိမ် အေးချမ်းစပြုလာနေပြီဖြစ် လို့ ဒေသတွင်း ကုန်စည် စီးဆင်းမှုများ လွယ်ကူချောမွေ့ပြီး မှန်ကန်မြန် ဆန်စွာ  လည်ပတ်နိုင်ရေးတို့အတွက်  ဝိုင်းဝန်း ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများအနေနဲ့ လုပ်ငန်း များအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မှန် ကန်မြန်ဆန်ပြီး အဆင်ပြေချောမွေ့စွာ  ပြီးမြောက် အောင်မြင်နိုင်စေရေး ဌာနအလိုက် လုပ်ထုံးလုပ် နည်းများနဲ့အညီ အချင်းချင်း တိုင်ပင်ညှိနှိုင်း ညီညီ ညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရန်၊ ပြည်နယ် ဒေသတွင်း ကုန်စည်ကူးသန်း စီးပွားရေးလုပ်ငန်း များနဲ့ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်အကျိုးမျှော်တွေးကြံဆပြီး သတိရှိရှိ လုပ် ကိုင်ဆောင်ရွက်ရန်၊ တည်ငြိမ်အေးချမ်းမှသာ ကုန် စည်စီးဆင်းမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မှာဖြစ်လို့ ဒေသနေပြည်သူများအား တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး နားလည် သဘောပေါက်စေရေး စည်းရုံးဆောင်ရွက်သွား ရန်၊ ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံ ရေး အပြည့်အဝဆောင်ရွက်ထားပြီးဖြစ်တဲ့အတွက် ကုန်ရောင်းကုန်ဝယ်လုပ်ငန်းများ  စိုးရိမ်ကြောင့် ကြမှုမရှိ လုပ်ကိုင်ဆောင်ရွက်ကြရန်နဲ့ ကျပ်ငွေဖြင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်း ဆောင်ရွက်ရာမှာ ကုန် သည်  လုပ်ငန်းရှင်များ မသိရှိမှုများကို ကူညီ ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါတယ်။တက်ရောက်လာတဲ့ ဌာနဆိုင်ရာ တာဝန်ရှိ သူများနဲ့ ကုန်သည်လုပ်ငန်းရှင်များမှလည်း ကုန် စည်စီးဆင်းမှု မြန်ဆန်ပြီး  ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် အခက်အခဲ အတားအဆီး များ လျော့နည်းပပျောက်ရေး အပြန်အလှန်ဆွေး နွေးညှိနှိုင်းခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ NNW(နကသ၊ စစ်တွေ)