Main menu

Background

တစ်ပတ်အတွင်း နိုင်ငံတကာအားကစားသတင်းတိုများ

Wed, 07/25/2012 - 08:26 -- Anonymous (not verified)

    ကျူပီအာအသင်းသည် အသင်း၏ခေါင်းဆောင်အဖြစ် မန်ယူအသင်းမှ ခေါ် ယူခဲ့သည့်တောင်ကိုရီးယားတိုက်စစ်မှူး ပက်ဂျီဆန်အား ခန့်အပ်လိုက်ကြောင်း သိရသည်။    ဂျာမနီဂေါက်သီးမယ်ကယ်ရိုလိုင်း မက်ဆန်သည် ကျင်းပပြီးစီးခဲ့သည့် တောင် အာဖရိကအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့်အတွက် ၎င်း၏ ကစားသမားဘဝတစ် လျှောက်တွင် ပထမဦးဆုံးသော ဥရောပပတ်လည် ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။    ကမ္ဘာ့အမြန်ဆုံးလူသားဘွဲ့ကို ခံယူထားသည့် တာတိုအပြေးချန်ပီယံ တိုင်ဆန် ဂေးက လာမည့်အိုလံပစ်ပြိုင်ပွဲတွင် မီတာ ၁၀၀ ပြိုင်ပွဲတွင် စံချိန် ၉ဒသမ၈ စက္ကန့်ဖြင့် စံချိန်ချိုးနိုင်သည့်တိုင် အိုလံပစ်ရွှေတံဆိပ်ရရှိရေးအတွက် မျှော်မှန်း နိုင်လိမ့်မည်မဟုတ်ကြောင်း ပြောကြား လိုက်သည်။    လီဗာပူးအသင်းသည် ယူအီးအက်ဖ်အေမှကျင်းပသည့် ယူရိုပါလိဂ်ပြိုင်ပွဲ တတိယအဆင့်ခြေစစ်ပွဲတွင် ဒန်ဒီးယူနိုက်တက်အသင်းနှင့်ပွဲဦး ထွက်ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သိရသည်။    အာဆင်နယ်အသင်းသည် အသင်းနှင့်ပြဿနာရှိနေသည့်ရော်ဘင်ဗန်ပါစီ၏ နေရာတွင် စပိန်တိုက်စစ်မှူး လော်ရန်တေးနှင့် အစားထိုးနိုင်ရန် စဉ်းစားလျက်ရှိ ကြောင်း သိရသည်။    အေစီမီလန်တိုက်စစ်မှူးဗလာတန်အီဗရာမိုဗစ်အား ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းမှ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၁ဖြင့်ခေါ်ယူလိုက်ကြောင်း သိရသည်။    ဖီဖာ၏ပြစ်ဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဘင်ဟာ မန်း၏အယူခံတင်သွင်းမှုအားတရားရုံးတော်ကလက်ခံလို က်ကြောင်းသိရသည်။