Main menu

Background

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းကို စုပေါင်းဖွဲ့စည်းမည်

Wed, 07/25/2012 - 08:28 -- Anonymous (not verified)

           မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းကို တိုင်းဒေသကြီး နှင့် ပြည်နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်များနဲ့ စုပေါင်းဖွဲ့စည်းမှာဖြစ်ကြောင်း သိရ ပါတယ်။မန္တလေးမြို့ရှိ ဝါရင့်အိမ်ခြံမြေအကျိုးဆောင် ဦးကျော်ဝင်းက " အသင်းဖွဲ့ ဖို့တော့ တရားဝင်ကျလာပြီ။ ၂၃ ရက်မှာ ရန်ကုန်မှာ အစည်း အဝေးလုပ်ပြီး သင်းဖွဲ့ စည်းမျဉ်းစည်းကမ်းကို သတ်မှတ်သွားမယ်။ လောလောဆယ်တော့ ဘာမှမသတ် မှတ်ရသေးဘူး။ အစည်းအဝေးပြီးရင် မန္တလေးက အိမ်ခြံမြေအကျိုးဆောင်တွေ အသင်းဝင်မယ်လို့ သတင်းစာကနေ ကြေညာပေးမယ်။ အိမ်ခြံမြေဝန်ဆောင်မှုလုပ် ငန်းရှင်များ အသင်းရုံးကို ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ရုံးခန်းဖွင့်လှစ်သွားမှာဖြစ် တယ်။ ရန်ကုန်ရုံးကို UMFCCI  မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးက အိမ် ခြံမြေအကျိုးဆောင်တွေ ဝင်လို့ရပါတယ်'' လို့ ပြောပါတယ်။မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဝင်ရောက်လိုပါ က အသင်းဝင်ကြေး ကျပ် ၃၀၀၀၀၊ နှစ်စဉ်ကြေး ကျပ် ၁၈၀၀၀ သတ်မှတ်ထား ကြောင်း သိရပါတယ်။                                              ဇူးဇူး