Main menu

Background

တစ်ပတ်အတွင်း ပြည်တွင်းအားကစားသတင်းတိုများ

Wed, 07/25/2012 - 08:27 -- Anonymous (not verified)

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဇူလိုင် ၁၇ ရက်က မလေးရှားနိုင်ငံတွင်ကျင်းပသည့် အာရှလူငယ်ဘောလုံးကော်မတီအစည်း အဝေးတွင် အာရှယူ-၁၄ ဘောလုံးပြိုင်ပွဲတစ်ရပ်အား စတင်ကျင်းပနိုင်ရန် အတွက် ကြိုးပမ်းခဲ့ကြောင်း သိရသည်။    မြန်မာနေရှင်နယ်လိဂ်လက်ကျန်ပွဲစဉ်ရှစ်ပွဲသာကစားရန်ကျန်ရှိတော့သည့် အတွက် အသင်းသားများအနေဖြင့် ပြိုင်ပွဲအပေါ်တွင် အာရုံစူးစိုက်မှုအပြည့် ရှိကြရန် လိုအပ်ကြောင်း ကမ္ဘောဇအသင်း၏အမှုဆောင်အရာရှိချုပ် ဦးဝင်း မြင့်ဦးက ပြောကြားလိုက်သည်။    မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၈ယှဉ်ပြိုင်ပြီးသည်အထိ ဂိုးသွင်းအများ ဆုံးကစားသမားစာရင်းတွင် ဇေယျာရွှေမြေတိုက်စစ်မှူး ဆာဆာသည် သွင်း ဂိုး ၁၇ဂိုးဖြင့် ဦးဆောင်လျက်ရှိပြီး ကမ္ဘောဇအသင်း တိုက်စစ်မှူး နူးနက်စ်နှင့် နေပြည်တော်တိုက်စစ်မှူးလီအန်ဒရိုတို့က သွင်းဂိုး ၁၂ဂိုးစီဖြင့် ဒုတိယ နေရာ မှ ရပ်တည်နေကြကြောင်း သိရသည်။    (၆)ကြိမ်မြောက်အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီအစည်းအဝေးကို မြန်မာ နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး လာမည့် အောက် တိုဘာလ ၁၄ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။    ရတနာပုံအသင်းနည်းပြဘောဂတ်စ်က မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အောင်မြင်မှုများရယူနိုင်ရန် လူငယ်စီမံကိန်းများကို တိုးမြှင့်လုပ်ဆောင်သင့် ကြောင်း အကြံပြုတိုက်တွန်းခဲ့သည်။