Main menu

Background

မန္တလေး မြေဈေးကွက်အေးပြီး အခွန်နှုန်းထားအသစ်များ စောင့်ဆိုင်း

Wed, 07/25/2012 - 08:30 -- Anonymous (not verified)

          မန္တလေးမြို့ မြေဈေးကွက်မှာ တန်ခူး လနောက်ပိုင်းမှစပြီး၊ အရောင်းအဝယ် အေးနေပြီး ဇူလိုင် ၃၁ ရက်မှာ အခွန် သက်တမ်းကုန်မှာဖြစ်ပြီး၊ ထပ်မံထွက်ရှိ မယ့် အခွန်နှုန်းထားများအား စောင့် ကြည့်နေကြောင်း သိရပါတယ်။" မြေဈေးကွက်မှာက မြေရောင်းခွန်၊ ဝယ်ခွန်ထပ်တိုးမယ်လို့ ကြားတဲ့အတွက် အရောင်းအဝယ်တန့်နေတယ်။  အခု လက်ရှိက ရောင်းခွန်ပေါ်က ၁၀ ရာခိုင် နှုန်း၊ ဝယ်ခွန်ပေါ်က ၁၅ ရာခိုင်နှုန်းပေး ဆောင်ရတာ။ အခွန် ထပ်တိုးမယ်လို့ သတင်းထွက်နေတဲ့အတွက် ဝယ်မယ့် သူကလည်း မဝယ်ရဲဘူး။ အရင်က တန့် နေတဲ့မြေဈေးကွက်က ခုလုံးဝအေးနေ ပြီ။ မြေဈေးတန့်နေတဲ့အတွက် တချို့ ဈေးချရောင်းလာကြတယ်။  မြို့ထဲက တော့ ဈေးမကျပါဘူး။  မြို့သစ်မြေကို လမ်းမခင်းရသေးတာနဲ့  လူနေကျဲတဲ့ ရပ်ကွက်လောက်ပဲ ဈေးချရောင်းတာ ပါ။ ဝါဝင်ကာနီးလို့  အိမ်ငှားသွက်ပြီး တော့ ဈေးတက်လာတယ်''လို့ အိမ်ခြံ မြေအကျိုးဆောင်တစ်ဦးက   ပြောပါ တယ်။မြို့သစ်မြေဈေးကွက်မှာ အဝယ်မရှိ ခြင်းကြောင့် ဈေးချရောင်းခြင်းနဲ့ မြေ ပေါင်နှံခြင်းများ ပြုလုပ်မှု များကြောင်း သတင်းရရှိပါတယ်။ ယခင်က "ဏ'' နဲ့ "တ''အကွက်တွင်းရှိ ကျပ်သိန်း ၂၂၀၀ တန်ဖိုးရှိ မြေကွက်မှာ ယခုအခါ ကျပ် သိန်း ၁၈၅၀ နဲ့ အရောင်းအဝယ်ဖြစ်ပြီး၊ ''လလ" နဲ့ "၀၀'' အကွက်များမှာ ကျပ် သိန်း ၉၅၀ မှ ကျပ်သိန်း ၇၅၀ ကို ကျဆင်းလာကြောင်း၊ မြို့သစ်မြေဈေး ကွက်အား ခြုံငုံသုံးသပ်ပါက ၁၀ ရာ ခိုင်နှုန်းခန့် ဈေးချရောင်းလာကြောင်း သိရပါတယ်။    ဇူးဇူး