Main menu

Background

ကယားပြည်နယ်ရောက် အညာသား တစ်ယောက်

Wed, 07/25/2012 - 08:34 -- Anonymous (not verified)

           မြန်မာနိုင်ငံအထက်ပိုင်း အညာက ရွှေဘိုသားတစ်ယောက် ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ယခုလထဲ တာဝန်နဲ့ပြောင်းရွှေ့ ရောက် ရှိလာခဲ့ပါတယ်။ ခရီးမိုင်အားဖြင့် မိုင် ၄၀၀ နီးပါး အလှမ်း ကွာလို့ ရွှေဘိုနဲ့ကယား အဆက်အစပ်သိပ်မရှိေ လာက်ဘူးလို့ အမြင် ကျဉ်းခဲ့ပါတယ်။ ဒါပေမဲ့ လွိုင်ကော်မြို့လယ်က မြို့နမ်ရွှေစေတီတော် ကို ဖူးဖြစ်တော့မှ ရွှေဘိုသား အလောင်းမင်းတရားကြီး ဦးအောင် ဇေယျက ကောဇာသက္ကရာဇ် ၁၂၀၀ ခုနှစ်မှာ အယုဒ္ဓယမြို့ကို စစ်ချီ တော်မူစဉ်က သဲပုံစေတီတစ်ဆူအဖြစ် စတင်တည်ထား ကိုးကွယ်ခဲ့ ကြောင်း မှတ်သားလိုက်ရပါတယ်။ဘုရားဖူးအပြီး ဦးအောင်ဇေယျလဲ ရွှေဘိုသား၊ ငါလဲရွှေဘို သားဆိုကာ ကိုယ်လိုရာဆွဲ အမျိုးစပ်ပြီးနောက် သီရိမင်္ဂလာဈေး ဘက်က ဆန်ဆိုင်တန်းတွေရောက်မှ ကိုယ့်ထက်စောပြီး အခြေကျတဲ့ ရွှေဘိုသားတွေကို အများအပြား အုပ်စုလိုက် တွေ့မြင်လိုက်ရပါ တော့တယ်။" ရွှေဘိုပေါ်ဆန်းရပြီ'' " ရွှေဘိုဘေးကြားရပြီ'' ဆိုတဲ့ ဆန်ဆိုင်က ဆိုင်းဘုတ်တွေကို မြင်ရတော့ အတော်ကို ဝမ်းသာသွားမိပါတယ်။ လွိုင်ကော်မှာ ကိုယ့်ဆွေမျိုးသားချင်းအရင်းတွေကို ပြန်တွေ့ရသလို ပါပဲ။ ယနေ့ အရည်အချင်းကို ဦးစားပေးစားသုံးတဲ့ ခေတ်ကြီးမှာ တိုင်းနဲ့ပြည်နယ်အနှံ့မှာရှိတဲ့ မြို့ရွာကျေးလက် ဆန်ဆိုင်တိုင်းမှာ ရွှေဘိုပေါ်ဆန်းက ဆန်ဈေးကွက်ကို ထိုးဖောက်ပြီး ထိပ်ဆုံးက အောင်ပွဲခံနေတာ တွေ့ရမှာပါ။   လွိုင်ကော်မှာ  ကယားပြည်နယ်အတွင်း စိုက်ပျိုးထွက်ရှိတဲ့ ဒေသဆန်၊ ရန်ကုန်ဘက်ကဝင်တဲ့ ဧရာဝတီဆန်များနဲ့  မန္တလေး၊ ရွှေဘိုဘက်ကဝင်လာတဲ့ ရွှေဘိုဆန်များကို စားသုံးတတ်ကြပါတယ်။ လွိုင်ကော်မှာ ယနေ့ဒေသ  ဆန်ဈေးက တစ်အိတ်  ၁၆၀၀၀ ကျပ်၊ ရန်ကုန်ဆန်တစ်အိတ်ကို ၂၀၀၀၀ ကျပ်နဲ့ ရွှေဘိုပေါ်ဆန်းက တစ် အိတ် ၃၆၀၀၀ ကျပ်ပတ်ဝန်းကျင်ခန့် ပေါက်ပါတယ်။ လက်ရှိရွှေဘိုမှာ ပေါ်ဆန်းဆန် တစ်အိတ် ၃၀၀၀၀ ကျပ် ကျော်ဈေးပေါက်နေပြီး၊ ရွှေဘိုမှ လွိုင်ကော် ကားသယ်ခတစ်အိတ် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်နှုန်းရှိပါတယ်။ လုပ်သားတင်ချခများနဲ့ ပေါင်းရင် စုစုပေါင်း လွိုင်ကော်အရောက် ၃၆၀၀၀ ကျပ်နီးပါး ကျ သင့်ပါတယ်။ ဒီဘက်နှစ်ကာလတွေမှာ ခရီးလမ်းပန်း လုံခြုံချောမွေ့တာနဲ့ လမ်း၊ တံတားအသစ်များ တိုးတက်ဖြစ်ထွန်းပေါ်ပေါက်လာပြီး၊ ခရီး သွားလာမှုနဲ့ ကုန်စည်စီးဆင်းမှုများဟာ အချိန်တိုတိုနဲ့ လိုရာခရီး ရောက်နိုင်တာ တွေ့ရပါတယ်။ ဒါဟာလဲ ပြည်တွင်း၊ ပြည်ပ ကုန် သွယ်မှုတိုးတက်ရေးအတွက် အဓိက ပင်မအထောက်အကူရတယ်လို့ ဆိုရမှာပါ။ ရွှေဘိုသား ပေါ်ဆန်းရဲ့ခရီးစဉ်ဟာ လွိုင်ကော်မှာတင် ရပ်နေ မယ်မထင်ပါဘူး။ နောင်သိပ်မကြာသောကာလမှာ ပွင့်လန်းလာမယ့် 'မယ်စဲ့' နယ်စပ်ကုန်သွယ်ရေး တရားဝင်လမ်းကြောင်းကနေပြီး၊ နိုင်ငံ တော်ရဲ့ ကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍမှာ တစ်ဖက်တစ်လမ်းကနေ တစ်တပ်တစ်အားအဖြစ် ပါဝင်ပြနေမှာ အသေအချာ မြင်ယောင် နေမိပါတော့တယ်။                          မောင်မောင်အေး