Main menu

Background

ကဏ္ဍစုံပါဝင်သည့် အများပိုင် ကုမ္ပဏီဖွဲ့စည်းမယ်

Wed, 07/25/2012 - 08:46 -- Anonymous (not verified)

    စစ်ကိုင်းတိုင်းဒေသကြီးမှာ အများပိုင်ကုမ္ပဏီတစ်ခု ဖွဲ့ စည်းရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို မုံရွာမြို့ မြို့တော်ခန်းမမှာ ဇူလိုင် ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးသာအေးနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားကို တိုင်း ဒေသကြီးအတွင်းရှိ မုံရွာကုန်စည်ဒိုင်၊ စက်မှုဇုန်နဲ့ ရွှေ၊ ရေနံ၊ သစ်၊ ဟိုတယ်လုပ်ငန်းရှင်များ အပြင် စစ်ကိုင်းတိုင်းကို သံယောဇဉ် ရှိသူများ၊ လုပ်ငန်း ဆက်နွယ်သူများ မွေးရပ် မြေဖြစ်ပြီး၊ တိုးတက်စေလိုတဲ့ စေတနာယုံကြည်ချက်များနဲ့ အခြားတိုင်းဒေသ ကြီးမှ ကုမ္ပဏီ လုပ်ငန်းရှင်များပါ စုံညီစွာ တက်ရောက်ကာ အတွေ့အကြုံနဲ့ယှဉ်ပြီး ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြပါတယ်။    အနာဂတ်စီးပွားရေးကို အမြော်အမြင်ရှိစွာနဲ့ကြံဆပြီး၊ ၂၀၁၅ အာဆီယံကုန်သွယ်ရေးမှာ ရင်ဆိုင်ယှဉ်ပြိုင်ရန် အသင့် ဖြစ်ဖို့လိုအပ်ကြောင်း၊ ဈေးကွက်ကို တစ်ဦးချင်း ထိုးဖောက် မရနိုင်လို့ အများစုကဏ္ဍစုံပါဝင်တဲ့ အများပိုင် ကုမ္ပဏီ ထူ ထောင်ကာ တိုင်းဒေသကြီးကို ကျောထောက်နောက်ခံပြုပေး ပြီး၊ တိုးတက်အောင် ဆောင်ရွက်နိုင်မယ့် ကုမ္ပဏီတစ်ခုလိုအပ် နေလု့ိ စနစ်တကျဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ်က အမှာ စကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။    နိုင်ငံတကာမှာ တစ်ဦးတစ်ယောက်တည်း စီမံ ခန့်ခွဲမှု မျိုးမလုပ်တော့ဘဲ အများပိုင်ကုမ္ပဏီကဲ့သို့ စုပေါင်းဆောင် ရွက်ကြခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုရရှိနေရာ ပုဂ္ဂလိကပိုင်းကို အရင်းအနှီး အကန့်အသတ်မရှိဘဲ လိုရင်လိုသလောက် ရှယ်ယာ ထုတ်ရောင်းလို့ရတာ အဓိကအားသာချက်ဖြစ်ပြီး၊ ယခုအချိန်ဟာ အများပိုင်ကုမ္ပဏီဆောင်ရွက်ဖို့ အခွင့်အလမ်း အကောင်းဆုံးအချိန်ဖြစ်ကြောင်း မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမှ ဆွေးနွေးပြော ကြားခဲ့ပါတယ်။    စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်၊ စက်မှုအသင်းဥက္ကဌ ဦးကျော်မျိုးဝင်းက အများပိုင် ကုမ္ပဏီမှ ဆောင်ရွက် မယ့် လုပ်ငန်း ၉ အုပ်စုနဲ့ အစုရှယ်ယာရှင်များရဲ့ ရပိုင်ခွင့်နဲ့ အခွင့် အရေးများကို ရှင်းလင်းဆွေးနွေးပါတယ်။ အစုရှယ်ယာ တစ်ခုကို ၅၀၀၀၀ ကျပ်ဖြစ်ပြီး၊ အနည်းဆုံးအစု ၁၀၀၀၊ ငွေကျပ်သိန်း ၅၀၀ ထည့်ဝင်သူများအနက်မှ ဒါရိုက်တာ အဖွဲ့ကို ရွေးချယ်မှာဖြစ်ပြီး၊ အများပိုင်ဆိုတဲ့ သဘောတရားကို ထိခိုက်မှာစိုးပြီး၊ တစ်ဦးတည်းမှ အစု ၁၉၀၀ စုထက် ပိုမဝယ် အောင် ကန့်သတ်ထားပါတယ်။ အခမ်းအနားအပြီးတွင် အစု ရှယ်ယာ ဝယ်ယူသူများပေါ်ပေါက်လာခဲ့ရာ အစု ၁၀၀၀ ရှယ် ယာရှင် ၁၈ ဦးနဲ့ အစု ၆၀၀ ရှယ်ယာရှင် ၂ ဦးရရှိခဲ့ပြီး၊ တစ်တိုင်းလုံး ကျယ်ကျယ်ပြန့်ပြန့် ရှယ်ယာ ပါဝင်နိုင်အောင် ဆောင်ရွက် သွားမှာဖြစ်လို့ အစုရှယ်ယာ ဝင်များ ဆက်လက် တိုးပွားလာမှာဖြစ်ကြောင်း သိရပါတယ်။ရီလင်းထွဋ်