Main menu

Background

ကန်ထရိုက်လယ်ယာနှင့် တောင်သူတို့ရဲ့ စိုးရိမ်တဲ့ အမြင်

Wed, 07/25/2012 - 08:59 -- Anonymous (not verified)

    ဇူလိုင် ၁၂ ရက်က ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော် မြို့ နယ်နဲ့ ရေကြည်မြို့နယ်များမှာ မက်(စ်) မြန်မာကုမ္ပဏီ က တောင်သူများကို စိုက်ပျိုးစရိတ်နဲ့ သွင်းအားစုများ ပံ့ပိုး ပေးအပ်တဲ့ အခမ်းအနားကို တက် ရောက်ခဲ့ပြီး တောင်သူလယ်သမားများ အား ကန်ထရိုက်လယ်ယာနဲ့ ပတ်သက် လို့ ရှင်းလင်းပြောဆို ဆွေးနွေးမှုများ ပြု လုပ်ခဲ့ပါတယ်။     ဧရာဝတီတိုင်း ဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စပါးကျီဟု တင်စား ရလောက်အောင် တစ်နိုင်ငံလုံး ဆန် စပါး စိုက်ဧက အများဆုံး တိုင်း ဒေသကြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်ရဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ၇၀ ရာခိုင်နှုန်းသော တောင်သူများ တိုး တက် မြင့်မားချမ်းသာရေး အတွက် ဧရာဝတီတိုင်း ဒေသကြီး တောင်သူ လယ်သမားများမှာ အဓိကအခန်း ကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ထို့ အတွက် မိမိတို့တောင်သူတစ်ဦးချင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးနေရာမှ ငွေရေး ကြေးရေးပြည့်စုံတဲ့ အထူးပြု ကုမ္ပဏီ များနဲ့ ပူးပေါင်းကာ ကန်ထရိုက်လယ် ယာ စနစ် တောင်သူ လယ်သမားများစု ပေါင်းပြီး စိုက်ပျိုးသင့်ပါကြောင်း၊ အထူး ပြုကုမ္ပဏီမှ တစ်ဆက်တစပ်တည်း ဧက ကွက် လယ်ယာမြေများ ဖော်ထုတ်ပေး ခြင်း၊ သိပ္ပံနည်းကျစိုက်ပျိုးခြင်း၊ အထွက် ကောင်းဈေးကွက်ဝင် စပါးမျိုးများ ပံ့ပိုးပေးခြင်း၊ သွင်းအားစုစိုက်ပျိုး စရိတ် များထုတ်ပေးခြင်း၊ စိုက်ပျိုးရိတ်သိမ်း ခြွေလှ့ရာတွင် လယ်ယာသုံးစက် ကရိယာများဖြင့် ပံ့ပိုးကူညီသွား မှာ ဖြစ်ပါကြောင်း၊ ထွက်ရှိလာတဲ့ စပါးများ အားလည်း ကုမ္ပဏီမှ အာမခံဈေးနှုန်း တစ်ခုဖြင့် ပြန်လည်ဝယ်ယူပေးမှာဖြစ်ပြီး ရရှိလာတဲ့ ဝင်ငွေမှ စိုက်ထုတ်ပေး ထားတဲ့ ငွေရင်းငွေနှီးများကို ပြန်လည် တွက်ချက် ရယူမှာဖြစ်ပြီး အကျိုး အမြတ်များအား တောင်သူများကို မိမိ တို့ ပူးပေါင်းပါဝင်တဲ့ လယ်ဧကအချိုး အစား အလိုက် ညီမျှစွာ ပြန်လည်ခွဲေ၀ ပေးသွား မှာ ဖြစ်ပါကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။     တောင်သူများမှ ပြန်လည်ဆွေး နွေးရာတွင် အထူးပြုကုမ္ပဏီများမှ ယခုလို လုပ်ကိုင်ပေးခြင်းများကို မိမိတို့ မှလည်း နိုင်ငံတော် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း လုပ်ဆောင်လိုပါကြောင်း၊ သို့သော် မိမိ တို့သည် လယ်ယာလုပ်ငန်းကို တစ်နိုင် တစ်ပိုင် မိရိုးဖလာလုပ်ကိုင်လာသည်မှာ ခေတ်အဆက်ဆက်ဖြစ်ပါကြောင်း၊ ယခင်နှစ်ပေါင်း ၆၀ ခန့်ကလည်း ယခု လိုတောင်သူများ ချမ်းသာရေး အတွက် ဟောပြောမှုများရှိပါကြောင်း၊ မိမိတို့ ကိုယ်ပိုင်လုပ်ကိုင်နေခြင်းကြောင့် မိမိတို့ အကျိုးအမြတ်ကို ထိုက်သင့်သလောက် ခံစားရသောနှစ်များ ရှိသကဲ့သို့ ဆုံးရှုံး သောနှစ်များလည်း ရှိပါကြောင်း၊ ယခု လို ကန်ထရိုက် စိုက်ပျိုးသော နည်း စနစ်မှာ ကုန်ကျစရိတ်များပြားသည်ဟု သိရှိထားပါကြောင်း၊ ထို့ပြင် လယ်ယာ မြေအား ဧကကွက်များ ပြုပြင်ခြင်းဖြစ် သဖြင့် မိမိတို့လယ်ကွက်များ ပျောက် သွား ပါကြောင်း အထွက်နှုန်းသည် လည်း ကုန်ကျစရိတ်နဲ့ မတိမ်မယိမ်းဟု သိရှိရပါကြောင်း၊ ထို့ပြင် ရာသီဥတု ဖောက်ပြန်ခြင်း၊ ပိုးမွှားများဖျက်ဆီးခြင်း၊ ရေကြီးခြင်းများကြောင့် သီးနှံဆုံးရှုံးမှု ဖြစ်ပေါ်လာပါက ကုမ္ပဏီများမှ စိုက် ထုတ် ပေးထားတဲ့ ငွေရင်းငွေနှီးများ မိမိ တို့ တောင်သူများအပေါ် အကြွေးများ တင်ရှိနေမည်ဖြစ်ပြီး ထိုကဲ့သို့ အကြွေး များ များပြားလာပါက မိမိတို့ ပိုင်ဆိုင် ထားတဲ့လယ်မြေများ ကုမ္ပဏီများကို အကြွေးဖြင့် ထိုးဆပ်ရမည့် အနေ အထားရှိပါကြောင်း၊ ထိုကဲ့သို့ သဘာ၀ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ မမျှော်မှန်းနိုင်တဲ့ ကိစ္စများကြောင့်လည်း ကောင်း၊ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက မိမိတို့တောင်သူများအား ကုမ္ပဏီများမှ မည်ကဲ့သို့ စဉ်းစားထားပါကြောင်း၊ သိရှိ လိုပါကြောင်း၊ ၎င်းတို့ရဲ့ ကန်ထရိုက် လယ်ယာအပေါ် အမြင်များကို ပြော ကြားခဲ့ကြောင်း သိရပါတယ်။စိုးအောင်