Main menu

Background

ဧရာပုသိမ်ဆန်စပါးအထူးပြုကုမ္ပဏီ (၁)မှ ၂၀၁၂-၁၃ မိုးစပါးရာသီ ကန်ကြီးထောင့်မြို့နယ် ကွင်းယားအရှေ့ကျေးရွာအုပ်စုမှာ မိုးစပါးသွင်းအားစု စိုက်စရိတ် ပံ့ပိုးချေးငွေထုတ်ပေး

Wed, 07/25/2012 - 09:00 -- Anonymous (not verified)

    ဧရာပုသိမ်ဆန်စပါးအထူးပြုကုမ္ပဏီ(၁)နဲ့ အကျိုးတူပူးပေါင်းပြီး ပုလဲသွယ်၊ ဆင်းသွယ်လတ်၊ ပေါ်ဆန်းယဉ် စပါးများကို ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုး မယ့် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ ကျေးရွာအုပ်စုရှိ တောင်သူ ၆၈ ဦး၊ စိုက်ဧက ၄၈၀ ဧကအတွက် မျိုးစပါးသွင်းအားစု ပံ့ပိုးငွေကျပ်သိန်း ၁၆၀ ဒသမ ၉၅၊ စိုက်စရိတ်ပံ့ပိုးငွေ ကျပ်သိန်း ၉၇ ဒသမ ၅၅၊ စုစုပေါင်းပံ့ပိုးငွေ ကျပ်သိန်း ၂၅၈ ဒသမ ၅ ကို အတိုးနှုန်း ၂ ရာခိုင်နှုန်းနဲ့ ဇူလိုင် ၁၂ ရက်က ပံ့ပိုး ပေးခဲ့ကြောင်း ဧရာပုသိမ် ဆန်စပါး အထူးပြုကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမြင့်လှိုင်မှ ပြောကြားပါတယ်။    တောင်သူများစိုက်ပျိုးထုတ်လုပ်ရာမှာ တွက်ချေကိုက်တဲ့ဈေးနှုန်းနဲ့ အကျိုး အမြတ်ရရှိစေဖို့ အခြေခံဈေးနှုန်း များ သတ်မှတ်ပြီး၊ စပါးတင်း ၁၀၀ ကို ပုလဲသွယ်၊ ဆင်းသွယ်လတ် ၄ သိန်းကျပ်ဈေး၊ ပေါ်ဆန်းယဉ် ၆ သိန်းခွဲ ဈေးနဲ့ ဝယ်ယူမှာဖြစ်ပြီး၊ စပါးပေါ်ချိန်ပေါက်ဈေးမြင့်ပါကလည်း ပေါက်ဈေးအတိုင်း ဝယ်ယူသွားမှာဖြစ် ကြောင်း၊ ကုမ္ပဏီမှ ဓာတ်မြေသြဇာ၊ ငွေကြေးများသာမက စိုက်ပျိုးရေးပညာရှင်များ နဲ့ နည်းပညာများလည်း အကူအညီပေးသွားမှာ ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြော ကြားပါတယ်။     တောင်သူများ မိရိုးဖလာ စိုက်ပျိုးခြင်းမှ သိပ္ပံနည်းကျစိုက်ပျိုးနိုင်ရေး၊ ကောက် ကွက်ပြည့်မီအောင် စိုက်ပျိုးရေး၊ အရည်အသွေးမီစပါးများ စနစ်တကျ စိုက်ပျိုး ထုတ်လုပ်နိုင်ဖို့အတွက် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်း စိုက်ပျိုးရေးခရိုင်မန်နေဂျာ ဦးစိုင်းကြာအုံမှ ပြောကြားပြီး၊ တောင်သူများတစ်ဧက အထွက်နှုန်း တိုးတက်လာစေဖို့၊ အချိန်ကုန်သက်သာပြီး၊ အချိန်မီစိုက်ပျိုးနိုင်ဖို့ စက် ကိရိယာများကို အသုံးပြုပြီး၊ အဆင့်မြင့်လယ်ဧကကွက်များကို ဖော်ထုတ်ဆောင် ရွက်ပေးသွားမှာဖြစ်ကြောင်း ခရိုင်စက်မှုလယ်ယာဦးစီးမှူး ဦးခင်အောင်ညွန့်မှ ပြောကြားပါတယ်။    ပြည်ပမှဈေးကွက်ဝင်စပါးမျိုးများကို ဧရာပုသိမ်အထူးပြုကုမ္ပဏီနဲ့ ပူးပေါင်းပြီး တောင်သူများရွေးချယ် စိုက်ပျိုးဖို့၊ သို့မှသာ ဆန်အရည်အသွေး၊ ဆန် အထွက်နှုန်း ကောင်းမွန်တဲ့ဆန်များ၊စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့်တောင်သူများ ဝင်ငွေတိုးပွားလာမှာ ဖြစ်ကြောင်း မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ ခရိုင်မန်နေရာ ဦးစောမိုက်ကယ်မှ ပြောကြားပြီး၊ ယခုလို စိုက်ပျိုးချိန်မှာ လိုအပ်တဲ့ စိုက်ပျိုး စရိတ်၊ သွင်းအားစုများနဲ့ စိုက်ပျိုးရေး နည်းပညာများကိုလည်း ကျေးရွာအရောက် လာ ရောက် ပံ့ပိုးတဲ့ ဧရာပုသိမ်ဆန်စပါးအထူးပြုကုမ္ပဏီကို အထူးကျေးဇူးတင်ရှိ ကြောင်း၊ စပါးပေါ်ချိန်မှာ ကုမ္ပဏီ၏ ပံ့ပိုးငွေများကိုလည်း အပြည့်အဝပြန်လည် ပေးဆပ်သွားမှာ ဖြစ်ကြောင်း တောင်သူဦးဝင်းရွှေမှ ပြန်လည် ပြောကြားပါတယ်။    ယခုမိုးစပါးရာသီ ကွင်းယားအရှေ့ကျေးရွာမှာ ကျပ်သိန်း ၂၅၈ ဒသမ ၅၀ ပံ့ပိုးပေးခဲ့ပြီး၊ ပုသိမ်မြို့နဲ့ ဆက်စပ်နယ်မြေများဖြစ်တဲ့ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတောမြို့နယ်များရှိ တောင်သူများနဲ့လည်း ပူးပေါင်းပြီး၊ မျိုးစပါးထုတ်လုပ်ခြင်း၊ ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုးခြင်းအတွက်လည်း ဇူလိုင် ၁၂ ရက်ထိ ကျပ် သိန်းပေါင်း ၄၀၀၀ ကျော်ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ဆက်လက်ပံ့ပိုးပေးဖို့လည်း စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ဧရာပုသိမ်ဆန်စပါး အထူးပြုကုမ္ပဏီ  MD ဦးဝင်းမြင့်လှိုင်မှ ပြောကြားခဲ့ကြောင်း သိရပါတယ်။မင်းမင်းဦး