Main menu

Background

Automatic Licensing စနစ်ဖြင့် ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျက်ရှိ

Wed, 07/25/2012 - 09:28 -- Anonymous (not verified)

    နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးမှာ ၁၂-၆-၂၀၁၂ ရက်နေ့မှစပြီး Automatic Licensing   စနစ်ဖြင့် သွင်းကုန် ပစ္စည်းအမျိုးအစား ၁၆၆ မျိုးကို စခန်းမှ တိုက်ရိုက်လိုင်စင်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါတယ်။    မြဝတီနယ်စပ်ဒေသအနေနဲ့  Automatic Licensing ခွင့်ပြုခဲ့တာကြောင့် နိုင်ငံခြားငွေဘဏ်စာရင်းမဖွင့်လှစ်နိုင် တဲ့ ဒေသခံကုန်သည်ငယ်များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ တည်ထောင်ထားတဲ့ကုမ္ပဏီများပါ ပို့ကုန်၊ သွင်းကုန် လုပ်ငန်း များကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်တာတွေ့ရပြီး ကုန်သွယ်မှုပမာဏမှာ ၂၀၁၂ ဧပြီတွင် ဒေါ်လာ ၄ ဒသမ ၂၅၆ သန်း၊ မေတွင် ဒေါ်လာ ၁၀ ဒသမ ၃၀၁ သန်း၊ ဇွန် တွင် ဒေါ်လာ ၁၃ ဒသမ ၂၃၈ သန်းအထိ တိုးတက်ဆောင်ရွက် နိုင် ခဲ့ပါတယ်။     မြဝတီနယ်စပ်ကုန်သွယ်မှုလမ်းကြောင်း သဘာဝမှာ အတက်တစ်ရက် အဆင်း တစ်ရက်ဖြစ်ပြီး ကုန်သည်လုပ်ငန်းရှင်များအနေနဲ့လည်းအတက်ရက်မှာ ကုန် သွယ်ရေးဇုန်ထဲဝင်ရောက်လာတဲ့ ပို့ကုန်ပစ္စည်းတွေကို Automatic Licensing  စနစ်နဲ့ မြန်ဆန်စွာတင်ပို့နိုင်သလို အဆင်းနေ့မှာ ပြည်တွင်းဈေးကွက်က ကုန် အမှာတွေကို Automatic Licensing  နဲ့ ချက်ချင်းလိုင်စင်လျှောက်ထားရယူ တင်သွင်းနိုင်လို့ နှစ်သက်ကျေနပ်မှုရှိနေကြတယ်လို့ သိရပါတယ်။ မြဝတီကုန်သွယ် ရေးဇုန်မှ ကုန်သွယ်မှုများ ပိုမိုတိုးတက်စေဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။  မျိုးနွယ်အေး