Main menu

Background

တာချီလိတ်နယ်စပ်မှ ဆန်အပြင်ကောက်ညှင်းစပါးလည်း ယခုအပတ်မှာ အပို့ရှိ

Wed, 07/25/2012 - 09:33 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်စခန်းများအပြင် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ် စပ်စခန်းမှ ဆန်အပြင် ကောက်ညှင်းစပါးကိုပါ ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်း တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ကန်ဒေါ်လာ သုည ဒသမ ၁၇၂ သန်းတန် ဖိုးရှိ ဧည့်မထဆန် ၂၅ မှတ် ၄၁၃ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၈၇ သန်းတန်ဖိုးရှိ ကောက်ညှင်းစပါး ၇၄၆ တန်အပို့ရှိခဲ့တာဖြစ်ပါတယ်။ တရုတ် နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်မှ ကန်ဒေါ်လာ ၄ ဒသမ ၁၃၀ သန်းတန်ဖိုးရှိ ဆန် တန်ချိန် ၁၀၀၀၀ ကျော်၊ကန်ဒေါ်လာသုညဒသမ ၁၂၂ သန်းတန်ဖိုးရှိ ဆန် တန် ၃၀၀ ကို လွယ်ဂျယ်နဲ့ ကန်ဒေါ်လာသုညဒသမ ၀၈၇ သန်းတန်ဖိုးရှိ ငစိန်ဆန် ၂၅ မှတ် ၂၁၈ တန်ခန့်ကို ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အပို့ ရှိခဲ့တာဖြစ်ပါတယ်။ ယခုအပတ်နယ်စပ်မှ ဆန်တန် ၁၀၉၃၇ တန်နဲ့ ကောက်ညှင်း စပါး ၇၄၆ တန်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ဆန် ၁၉၁၁ တန်အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်ကုန်သွယ်ရေးဇုန်ကို ပျမ်းမျှဆန်ကားအစီး ၈၀ မှ ၁၀၀ ပျမ်းမျှအဝင်ရှိတယ်လို့သိရပါတယ်။                           MIRT(DOBT)