မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၄၃ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၅၇၈၃ တန်ကျော်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၁၁ တန် ကျော်အပို့ပိုခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်အပြင်ချင်းရွှေဟော်နယ်စပ်ကပါ အပို့ရှိခဲ့သော်လည်း ယခုအပတ်မှာချင်းရွှေဟော်မှအပို့မရှိခဲ့ဟုသိရပါတယ်။ ယခု ရက်ပိုင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ပြောင်းကားပျမ်းမျှအစီး ၄၀ ခန့်သာအဝင်ရှိပြီး ပြောင်းဟောင်း ၁ အိတ်ကို ၁၃၂ ဒသမ ၅ ယွမ်နဲ့ ပြောင်းသစ် ၁၃၅ ယွမ်ဝန်းကျင်ဈေးပေါက်လျက်ရှိပါတယ်။ ယခင်အပတ်ဈေးနဲ့ ယခုအပတ် မြေပြင်ဈေး များ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၃၄၀၇၇၃ ၃၄၃၉၅၄ ၃၁၈၁ ၁ ၃၉၇ ၃၉၄ ၃ ၀ .၇၆
Background