Main menu

Background

ဘရာဇီးတွင် ကြံရိတ်သိမ်းမှုနှောင့်နှေးခြင်းကြောင့် အိန္ဒိယသကြား တင်ပို့သူများ အကျိုးအမြတ်ရရှိနေ

Wed, 07/25/2012 - 09:42 -- Anonymous (not verified)

    ဘရာဇီးနိုင်ငံရဲ့ ရိတ်သိမ်းထုတ်လုပ်မှုနှောင့်နှေးခြင်းနဲ့ မိုးကြီးနေမှုတို့ကြောင့် ကမ္ဘာ့တစ်ဝန်းမှာရှိတဲ့ သကြားသုံးစွဲသူတွေရဲ့ ဝယ်လိုအားမြင့်တက်နေပေမယ့်လည်း ရောင်းလိုအားကျဆင်းနေတဲ့အတွက် အိန္ဒိယသကြားတင်ပို့သူတွေဟာ အကျိုး အမြတ်များစွာ ရနေကြောင်း သိရပါတယ်။ ဘရာဇီးမှာ မိုးကြီးတာကြောင့် ရိတ်သိမ်း ချိန် နှောင့်နှေးပြီး ဆိပ်ကမ်းတွေမှာ သကြားကုန်စည်များသင်္ဘော တင်ဖို့ အဟန့် အတားဖြစ်နေကြောင်း သိရပါတယ်။ ပြောင်းသီးနှံထုတ်လုပ်မှု ကျဆင်းခြင်းက အီသနောထုတ်လုပ်ဖို့ အတွက် ပြည်တွင်းကြံဝယ်လိုအားတက်စေတယ်လို့ သိရပါ တယ်။ အထက်ပါ အကြောင်းအချက်တွေကြောင့် ကမ္ဘာ့ဈေးကွက်မှာ ကုန်စည် တွေရဲ့ဈေးနှုန်းလည်း မြင့်တက်နိုင်ကြောင်း သိရပါတယ်။ ၂၀၁၁-၂၀၁၂ မှာ အိန္ဒိယရဲ့ သကြားထုတ်လုပ်မှုက တန်ချိန် ၂၆ သန်းရှိပြီး သုံးစွဲမှုတန်ချိန် ၂၂ သန်းရှိကြောင်း သိရပါတယ်။ ဒါကြောင့် ပိုလျှံနေတဲ့သကြားတွေကို တင်ပို့တာ ကြောင့် ပို့ကုန်သမားတွေအနေနဲ့ ကမ္ဘာ့သကြား ဈေးကွက်မှာ အခွင့်အရေးတွေ ရရှိပြီး အမြတ်အစွန်းတွေ ရရှိနေကြပါတယ်။ ယခု လက်ရှိကမ္ဘာ့ ဝယ်လိုအားနဲ့ ရူပီးငွေဈေးကျဆင်းခြင်းက အိန္ဒိယမှာရှိတဲ့ ပို့ကုန် သမားတွေကို အမြတ်ပိုမိုရရှိစေပြီး တောင်သူတွေကိုလည်း ပိုမိုအကျိုးရှိစေတယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်းဈေး ကွက်မှာ လာမယ့်ဥပုသ်လကစတင်ပြီး ကုန်ပစ္စည်း ဈေးနှုန်းမြင့်တက်နိုင်တယ်လို့ သိရပါတယ်။     ၂၀၁၂-၂၀၁၃ မှာ အိန္ဒိယရဲ့ သကြားထုတ်လုပ်မှုတန်ချိန် ၂၅သန်းဝန်းကျင် ရှိနိုင်ပါတယ်။ လာမယ့်သီးနှံနှစ်မှာ အထွက်နှုန်းကျနိုင်ဖွယ်ရှိတဲ့ စိုးရိမ်မှုများကြောင့် အိန္ဒိယပွဲတော်ရာသီအတွက် သကြားကြိုပွိုင့် ဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင် တယ်လို့လည်း သိရပါတယ်။ စိုက်ပျိုးတဲ့ဧရိယာ တိုးလာပေမယ့်လည်း ပျမ်းမျှခြင်း ထုတ်လုပ်မှုက လာမယ့်နှစ်မှာယခုနှစ်ထက် တန်ချိန် ၁ သန်းကျဆင်းနိုင်ကြောင်း သိရပါတယ်။ ကမ္ဘာ့ဈေးနှုန်းကတော့ ထိပ်တန်း သကြားတင်ပို့သူဖြစ်တဲ့ ဘရာဇီး မှာမိုးကြီးတာကြောင့် အဓိကဆိပ်ကမ်းတွေမှာ သကြားတင်ပို့မှု အကျပ်အတည်း ဖြစ်နေပြီးလာမယ့်ရက်သတ္တပတ်များအထိ ကမ္ဘာ့သကြားဈေးနှုန်း ခိုင်မာနေနိုင် ကြောင်း သိရပါတယ်။ ၂၀၁၂ ဇွန်လလယ်တိုင် ဘရာဇီးသကြားစက်တွေရဲ့ ထုတ် လုပ်မှုတန်ချိန် ၄ ဒသမ ၈၉ သန်းရှိကာ ယခင်နှစ်အလားတူ ကာလထက် ၂၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။ အဓိကကြံစိုက်ဧရိယာတွေမှာ မိုး အဆက်မပြတ် ရွာသွန်းခြင်းဟာလည်း ရိတ်သိမ်းမှု လုပ်ငန်းစဉ်ကို ထိခိုက်စေလျက် ရှိပါတယ်။ သြစတြေးလျရဲ့ ပို့ကုန်တင်ပို့မှုကလည်း ကွင်းစ်လန်းပြည်နယ်မှာ ကြံရိတ်သိမ်းချိန် မိုးရွာသွန်းမှုကြောင့်  နှောင့်နှေးနေပြီး သကြားစက်ရုံတွေရဲ့ ထက် ဝက်ခန့်ကလည်း လုပ်ငန်းဆောင်ရွက်မှုတွေကို ထိခိုက်ခဲ့ရပါတယ်။ နိုင်ငံတကာ သကြားအဖွဲ့အစည်း (ISO) မှ ထုတ်ပြန်ချက် အရ ကမ္ဘာ့သကြားပိုလျှံမှုဟာ ၂၀၁၁-၂၀၁၂မှာ တန်ချိန် ၆သန်း ရှိပြီး၊ ၂၀၁၂-၂၀၁၃ မှာ တန်ချိန် သုံးသန်း ဝန်းကျင်ခန့် ရှိလာနိုင်ကြောင်း သိရပါတယ်။     လာမယ့်ရာသီမှာ အထွက်နှုန်းကျဆင်းပြီး အရောင်းအဝယ်ကောင်း နိုင် တာကြောင့် သကြားဈေးနှုန်း ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြ ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ဈေးနှုန်းမြင့်တက်ခြင်းက ကျဆင်းနေတဲ့ ဈေးကွက်တွေ ကို အထောက်အပံ့ပေးနိုင်ကြောင်း  Angel ကုမ္ပဏီမှ သုတေသီကသုံးသပ် ထားပါတယ်။                  Source: Commodity online,K.Z.W