Main menu

Background

ပင်လယ်ရေကြောင်း တင်ပို့သည်ဆိုရုံသာရှိတဲ့ ရော်ဘာ

Wed, 07/25/2012 - 09:46 -- Anonymous (not verified)

    ဇူလိုင် ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းတန်ဖိုးရှိ ရော်ဘာ MSR-50 ၁၆ ဒသမ ၃ တန်သာ ဖိလစ်ပိုင်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ ကမ္ဘာ့ရော်ဘာဈေးနှုန်း ကျဆင်းခြင်းနဲ့ ရော်ဘာအထွက်ကျတဲ့အချိန်ဖြစ်တာကြောင့် တင်ပို့မှု အနည်းငယ်သာရှိတာဖြစ်ပါတယ်။ နယ်စပ်မှ တန် ၄၀၀ တင်ပို့ခဲ့ရာ ယခင်အပတ်ကထက် ၁၉၂ တန်ကျော်အပို့ပိုခဲ့ပါတယ်။FOB ရန်ကုန်ဈေးကတော့  RSS-3  တစ်တန်ကို ဒေါ်လာ ၂၈၀၀-၂၉၀၀၊  RSS-5 တစ်တန်ကို ဒေါ်လာ ၂၇၀၀-၂၈၀၀၊ MSR-20 တစ်တန်ကို ဒေါ်လာ ၂၈၀၀-၂၉၀၀၊ MSR-50 တစ်တန်ကို ဒေါ်လာ ၂၇၀၀-၂၈၀၀ ပေါက်လျက်ရှိ ပါတယ်။                                                                                          MIRT (DOBT)