Main menu

Background

နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ ရော်ဘာအဆင့်စုံ တန် ၄၀၀ ကျော် အပို့ရှိ

Wed, 07/25/2012 - 09:50 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၁၇၃ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၄၀၀ ဒသမ ၆၂၅ တန်ကို ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၉၃ တန်ခန့် အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက် ရော်ဘာ တင်ပို့မှုတွေကိုကြည့်မယ်ဆိုလျှင် မူဆယ်မှ RSS-3 ၁၅ တန်၊ ရော်ဘာဖြတ်စ တန် ၅၀၊ ချင်းရွှေဟော်မှ RSS-3 ၂၅၃ ဒသသမ ၄၈၉ တန်၊ RSS-5 ၁၉ တန်နဲ့  MSR-50  ၁၃၆ တန်နဲ့ မြိတ်နယ်စပ်မှ RSS-3  တန် ၆၀ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် မိမိဘက်ရော်ဘာဈေးများ အနည်းငယ်မြင့်တက်နေသော်လည်း တစ်ဖက်နိုင်ငံဈေး ကတော့ ပြောင်းလဲမှုမရှိပါဘူး-                                      မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                             ယခု           ယခင်      ပြောင်းလဲမှု       %      ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၄၉၇၅၀၀    ၂၄၇၉၀၀၀       ၁၈၅၀၀      ၀ .၇    ၂၉၂၇    ၂၉၂၇             -       -RSS - 5    ၂၃၆၂၅၀၀    ၂၃၄၅၀၀၀       ၁၇၅၀၀      ၀ .၇    ၂၇၆၉    ၂၇၆၉            -       -MIRT (DOBT)