၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံဆိုတဲ့ဂုဏ်ပုဒ် ထိုင်း စွန့်လွှတ်ရဖွယ်ရှိ

    ဇူလိုင်လ ၁၈ ရက်မှ စပြီး ထိုင်းဆန်ပြည်ပတင်ပို့တဲ့ ဈေးနှုန်းတွေက တစ်တန်ကို ၁၅ ဒေါ်လာမှ ၂၅ ဒေါ်လာအထိ ဈေးကျ လာတယ်။ အစိုးရရဲ့ ဆန်ဈေးကွက်ဝင်ရောက်စွက်ဖက်မှု အစီအစဉ် သက်တမ်းကုန်ဆုံးပြီဖြစ်တဲ့အပြင် ရောင်းလိုအား များပြီး ပြည်ပ မှ ဝယ်လိုအားနည်းနေတာကြောင့် ဈေးနှုန်းကျဆင်းသွားခြင်းဖြစ်တယ်။    ထိုင်းဆန်ဈေးနှုန်းတွေ ကျဆင်းသွားတာကြောင့် ပြိုင်ဘက်ဆန်တင်ပို့တဲ့ နိုင်ငံတွေဖြစ်တဲ့အိန္ဒိယ၊ဗီယက်နမ်နဲ့ ပါကစ္စတန် နိုင်ငံဆန်ဈေးတွေနဲ့ ယှဉ်ရင် ဈေးမြင့်နေဆဲပဲဖြစ်တယ်။ လောလောဆယ်မှာ အစိုးရရဲ့ ဆန်ဈေးကွက် ဝင်ရောက် စွက်ဖက်မှု အစီအစဉ် သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပေမဲ့လည်း အောက်တိုဘာမှာ ရိတ်သိမ်းမယ့် စပါးတွေအတွက် ဈေးကွက် ဝင်ရောက် စွက်ဖက်မှုအစီအစဉ်ကို အသစ်ပြန်လည်အသက်သွင်းသွားမယ်လိ့ု သိရတယ်။ ထိုင်းအစိုးရအနေနဲ့ စပါးတန်ချိန် ၁၅ သန်း ဝန်းကျင် (ဆန်တန်ချိန် ၈ သန်း ဝန်းကျင်နဲ့ ညီမျှသည်) သိုလှောင်ထားရှိနေပြီး ဈေး မြင့်မားမှုကြောင့် ပြည်ပမှ ဝယ်လိုအား လည်း ကျဆင်းနေရာ ဆန်ဈေးနှုန်း ကျဆင်းအောင် ဖိအားပေးလျက်ရှိတယ်လိ့ု သတင်းရရှိတယ်။    ထိုင်းနိုင်ငံအနေနဲ့ ၂၀၁၂ ခုနှစ်  ဇန်နဝါရီမှ လက်ရှိအချိန်အထိ ဆန်တန်ချိန် ၃ ဒသမ ၆ သန်း သာ တင်ပို့နိုင်ခဲ့ပြီး ဖြစ်ရာ ယခင်နှစ်အလားတူကာလ တင်ပို့မှုပမာဏဖြစ်တဲ့ တန်ချိန် ၆ ဒသမ ၇ သန်းနဲ့ ယှဉ်ရင် ၄၆ ရာခိုင်နှုန်းကျဆင်းခဲ့တယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ ထိုင်းနိုင်ငံက ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်ရဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါ တယ်။                                                             ပပ၊Source :brecorder.com