၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံ အိန္ဒိယ ဖြစ်လာနိုင်
ဇူလိုင် ၁၀ ရက်အထိ စာရင်းတွေအရ ၂၀၁၂ ခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ ကာလအတွင်း ထိုင်းနိုင်ငံက ပြည်ပကို ဆန်တန်ချိန်စုစုပေါင်း ၃ ဒသမ ၆၀ သန်းသာတင်ပို့ နိုင်ခဲ့သော်လည်း အိန္ဒိယအနေ နဲ့ ၃ ဒသမ ၆၁ သန်း တင်ပို့ နိုင်ခဲ့ရာ အိန္ဒိယရဲ့ ဆန်တင်ပို့မှုက ပိုမိုသွားခဲ့တာကို သုံးသပ် တွေ့ရှိရကြောင်း ထိုင်း ဆန်တင်ပို့သူများအသင်းက ပြောကြား လိုက်တယ်။ ၂၀၁၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ ပြည်ပကို ဆန်တန်ချိန် စုစုပေါင်း ၁၀ ဒသမ ၇ သန်း တင်ပို့နိုင်ခဲ့ပြီး အိန္ဒိယအနေနဲ့ တန်ချိန် ၄ ဒသမ ၁ သန်းနဲ့ ဗီယက်နမ်မှ တန်ချိန် ၇ ဒသမ ၁ သန်းကိုသာ တင်ပို့နိုင်ခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာတော့ ထိုင်းရဲ့ ဆန်တင်ပို့မှုကို တန်ချိန်ပေါင်း ၆ ဒသမ ၅ သန်းအထိသာ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသော်လည်း အိန္ဒိယအနေနဲ့ တန်ချိန် ၈ သန်းအထိ တင်ပို့နိုင်ဖွယ်ရှိကြောင်း ၊ ဗီယက်နမ်မှ လည်း ဆန်တန်ချိန် ၇ သန်းဝန်းကျင် တင်ပို့နိုင်ဖွယ်ရှိကြောင်း အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန (USDA) က ခန့်မှန်း ထားတယ်။ပပSource:brecorder.com
