ပါကစ္စတန် ဆန်ဖြူတင်ပို့မှု ပမာဏကျဆင်းပေမယ့် ယခင်နှစ် တင်ပို့မှုထက် ဝင်ငွေ ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့

    ပါကစ္စတန်ရဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် (ဇူလိုင်မှ ဇွန်အထိ) အတွင်း ဆန်တင်ပို့မှုက ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် အတွင်း တင်ပို့မှုနဲ့ယှဉ်ရင် ၁၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ပါကစ္စတန် စာရင်းအင်းဗျူရိုက စာရင်း ထုတ်ပြန် ထားတယ်။     ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန်စုစုပေါင်း ၃ ဒသမ ၆၇ သန်းသာ တင်ပို့နိုင်ခဲ့သော်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ တန်ချိန်စုစုပေါင်း ၃ ဒသမ ၂၉ သန်းသာ တင်ပို့နိုင်ခဲ့တယ်။ ပြည်ပဝယ်လိုအား ကျဆင်းမှုကြောင့် ဘာစမာတီဆန်နဲ့ ဘာစမာတီမဟုတ်တဲ့ သာမန်ဆန်ဖြူနှစ်မျိုးလုံး တင်ပို့မှုပမာဏကျဆင်းသွားရာ စုစုပေါင်းတင်ပို့မှုပမာဏ ပါ လျော့ကျသွားခြင်းဖြစ်တယ်။ ဘာစမာတီမဟုတ်တဲ့ ဆန်ဖြူတင်ပို့မှုပမာဏကျဆင်းသော်လည်း ဝင်ငွေမှာတော့ ယခင်နှစ် က တင်ပို့မှုထက် ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ သိရတယ်။ပပSource :oryza.com