Main menu

Background

မုံရွာကုန်စည်ဒိုင်ရဲ့ ဇူလိုင် တတိယပတ် ပဲဈေးကွက်

Sun, 07/29/2012 - 05:22 -- Anonymous (not verified)

    ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ကုလားပဲဈေးကွက်မှာ ဒေသတွင်းစက်သမားများသာမက ရန်ကုန်ဝယ်လက် ပါရှိပြီး၊ ပဲအားလုံး ဈေးအမြင့်ဆုံး ပေါက်ခဲ့တာတွေ့ရပါတယ်။ ထိုင်ဝမ် တစ်တင်း ၂၃၇၀၀ ကျပ်၊ V2 တစ်တင်း ၂၄၅၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၂၄၀၀၀ ကျပ်အသီးသီးဈေးအမြင့်ဆုံး ပေါက် ခဲ့ပါတယ်။ ဈေးကွက်ထဲမှာ ရောင်းလိုအား ထက် ဝယ်လိုအား က သာခဲ့ကာ လှောင်လက်သမားတွေ သိပ်မထုတ်ကြသေးဘူး လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။ ယခုတစ်ပတ်အတွင်း ကုလားပဲမျိုးစုံတင်း ၉၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ ရန်ကုန်ကို စီးထွက်မှုအနေနဲ့ ရေလမ်း ကနေ V2 တင်း ၃၀၀၀ ခန့်ရှိတယ်လို့ ရေယာဉ်ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။    ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်မှာ Exporter တွေ စိတ်ဝင်စားမှုရှိလာတဲ့ ပဲစင်းငုံနီက ဈေးနဲ့ အဝယ်အရောင်းပမာဏ မြင့်မားလာခဲ့တာတွေ့ရပါ တယ်။ တစ်တင်း ၁၃၀၀၀ ကျပ်ကနေ ၁၅၀၀၀ ကျပ်ကြား၊ ကာလ အတန်ကြာ ရပ်တန့်နေခဲ့ရာက လာမယ့်နှစ် ပဲရှားပါးနိုင်ချေ ကိုတွက်ပြီး၊ ဒေသခံ အဝယ်အပြင် ရန်ကုန် ဝယ်လက်ကြီးတွေ စိတ်ဝင်တစားအဆွဲများခဲ့လို့ အခုလို ဈေးမြောက် အရောင်း အဝယ် ကောင်းခဲ့တာလို့ ကုန်သည် လောကမှကြားသိရပါ တယ်။ ယခုတစ်ပတ်ထဲမှာ ငုံနီဈေးဟာ တစ်တင်း အနိမ့်ဆုံး ၁၉၄၀၀ ကျပ်မှ အမြင့်ဆုံး ၂၁၅၀၀ ကျပ်ထိပေါက်ခဲ့ပြီး၊ အမြင့် ဆုံး ပေါက်ခဲ့တဲ့နေ့မှာ အိတ် ၆၀၀၀ မှ ၁၀၀၀၀ ကြားအရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ကျန် ၃ ရက်အတွင်း တင်း ၄၀၀၀၀ နီးပါး၊ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင်ရပ်ဝန်းက ကြားသိရပါတယ်။ ဒီတစ်ပတ်အတွင်း စီးဆင်းမှုအနေနဲ့ ရန်ကုန်ကို ရေကြောင်းကနေ အိတ် ၁၀၀၀၀ ခန့်စီးထွက်ခဲ့တယ်လို့ သိရပါတယ်။    ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်မှာတော့ ရေသွင်း`ပဲတီတွေ ဒိုင်ကို အဝင်ပါးလာခဲ့ပြီး အရည်အသွေး ကျဆင်းမှု ရှိလို့ ဈေးအေး သလို အရောင်းအဝယ်လည်း အေးခဲ့တယ်လို့ဆိုပါတယ်။ ယခု တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ဈေးအနေနဲ့ အမြင့်ဆုံး တစ်တင်း ၂၀၅၀၀ ကျပ်မှ အနိမ့်ဆုံး ၁၇၅၀၀ ကျပ်ထိကျဆင်းခဲ့ပါတယ်။ မန်းလက်အဝယ် ပါးလို့ တစ်ရက်တင်း ၅၀၀ မှ ၁၀၀၀ ကြားသာ အရောင်း အဝယ် ရှိခဲ့တယ်လို့ သိရပါတယ်။    နယ်အဝင်မရှိတော့တဲ့ ပဲကြီးကတော့ မုံရွာကုန်စည်ဒိုင်ဈေး ကွက်မှာ ပစ္စည်းလက်ဝယ်ရှိတဲ့ ကုန်သည်တွေကို ဆက်လက် မျက်နှာ ပွင့်လန်းစေခဲ့ပြီး၊ တစ်ရက်ထက်တစ်ရက် တက်ဈေး နေ့စဉ် ဖြစ်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီထက် ရေပဲကြီးဟာ အရည်အသွေး ကောင်းခဲ့သလို သိုလှောင်မှုနည်းစနစ်နဲ့ ပိုးမွှား အန္တရာယ်ကာကွယ်မှုတွေ စနစ်တကျ လုပ်ထားကြလို့ အရည် အသွေးမပျက်တဲ့အတွက် ဈေးကွက်မှာ မျက်နှာလှနေဆဲ ဖြစ်ပါတယ်။    ဒီရက်ပတ်အတွင်း ပဲကြီးတစ်တင်း အမြင့်ဆုံး ၂၅၅၀၀ ကျပ်ထိ ဈေးပေါက်ခဲ့ပြီး၊ ပုံမှန်ဝယ်လက်ရှိလို့ တစ်ရက်ကို တင်း ၂၀၀ မှ ၃၀၀ ကြားနေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ထွန်းလှိုင်