Main menu

Background

ဇူလိုင်တတိယပတ် ပြည်ပဲဈေးကွက်မှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံ ဈေးကောင်းရနေ

Sun, 07/29/2012 - 05:30 -- Anonymous (not verified)

    ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်ရှိ ပဲဈေးနှုန်းများ ယခု ဇူလိုင်အတွင်း ဈေးမြင့်လာခဲ့ပါတယ်။ မတ်ပဲဈေးကွက်မှာ ယခင်အပတ်အတွင်း တစ်တင်း ၁၆၆၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ မြင့်တက်လာခဲ့ပြီး၊ လှောင်လက် သမားများမှလည်း ထုတ်ရောင်းချလာကြတာကြောင့် ရန်ကုန်ဘုရင့်နောင်ကို တစ်ရက် အိတ် ၃၅၀၀ ခန့် တင်ပို့ နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ် မှာတော့ ပဲအဝင်လည်း နည်းသွားပြီး လက်ကျန်လည်းနည်း လာတာကြောင့် တစ်ရက် အိတ် ၅၀၀ ကျော်သာ အဝင်ရှိခဲ့ပြီး ပဲဈေးမှာလည်း တစ်တင်း ၁၈၀၀၀ ကျပ်နဲ့သာ ဈေးပြန်အေး သွားခဲ့ သလို ရန်ကုန် ဝယ်လက်အဝယ်ရှိပေမယ့် တစ်ရက် အိတ် ၄၀၀-၅၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။    ပဲတီစိမ်းဈေးကွက်မှာတော့ ဇူလိုင်လဆန်းက ပဲသစ်များ ပြည်ဈေးကွက်ကို စတင်ဝင်ရောက်ခဲ့ပြီး၊ တစ်တင်း ၁၇၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာ ၁၉၀၀၀ ကျပ်ထိမြင့်လာကာ အဝင်မှာလည်း မင်းတုန်း၊ ကံမမြို့နယ်များ အပြင် ဒေသတွင်းမှလည်း ရှိလာတဲ့အတွက် ပဲဝင်ရောက်မှုမှာ တစ်ရက်အိတ် ၂၀၀ ကျော်အထိ ရှိလာပါတယ်။ ရန်ကုန် ဝယ်လက်ရော မန္တလေးဝယ်လက်ပါ အဝယ်ရှိပြီး၊ အဝင်ရှိ သလောက်၊ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး (အနောက်) အတွင်း မိုးပဲတီစိမ်းကို ရွှေတောင်၊ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များတွင် အများဆုံး စိုက်ပျိုးကြပြီး စိုက်ဧက ၂၀၀၀ ကျော်ခန့် စိုက်ပျိုးခဲ့ တာကို တွေ့ရပါတယ်။    မိုးပဲစင်းငုံသီးနှံကိုတော့ ပြည်ခရိုင်အတွင်း အများဆုံး စိုက်ပျိုးပြီး၊ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များ မှာ အများဆုံးစိုက်ပျိုးကာ စိုက်ဧက ၉ ထောင်ကျော်ခန့် စိုက် ပျိုးပြီး ဖြစ်ကြောင်း သိရပါတယ်။ ပဲစင်းငုံလက်ကျန် အသင့် အတင့်ရှိခဲ့သော်လည်း ရန်ကုန်ဝယ်လက်များမှ နေ့စဉ်အဝယ် မရှိဘဲတစ်ခါတစ်ရံသာ အဝယ်ရှိတာကြောင့် အရောင်းအဝယ် ဖြစ်တဲ့ရက်မှာ အိတ် ၃၀၀ မှ ၅၀၀ ကျော်ထိ ရောင်းချနိုင်ခဲ့ပါ တယ်။ ပဲစင်းငုံဈေးနှုန်းမှာ ယခင်တစ်ပတ်က တစ်တင်း ၁၈၅၀၀ ကျပ်နဲ့ ရောင်းဝယ်ခဲ့ကြသော်လည်း ယခုတစ်ပတ်မှာ တော့ တစ်တင်း ၂၀၀၀၀ ကျပ်ထိ ဈေးမြင့်လာခဲ့တာကို တွေ့ရပါတယ်။    ပဲပုပ်သီးနှံကိုတော့ ပေါက်ခေါင်း၊ ပန်းတောင်း၊ ပေါင်း တည် မြို့နယ်များမှာ ဧက ၁၀၀၀ ကျော်ခန့် စိုက်ပျိုး ပြီးဖြစ် သလို ဈေးကွက်အတွင်း ပဲပုပ်လက်ကျန်များနဲ့ ရောင်းဝယ်မှုရှိ နေခဲ့တာကို တွေ့ရပါတယ်။ ပြည်ပဲပုပ်ကို ယခု ဇူလိုင်လ အတွင်း လက်လီသမားများသာ အဝယ်ရှိပြီး၊ တစ်ရက်ကို ၄ အိတ်၊ ၅ အိတ်ခန့်သာရောင်းချနိုင်ခဲ့ ပါတယ်။ ပဲပုပ်ဈေး ကတော့ သိသိသာသာမြင့်တက်လာခြင်းမရှိဘဲ တစ်တင်း ၁၆၀၀၀ ကျပ်နဲ့သာ ဈေးငြိမ်လျက်ရှိတာကို တွေ့ရပါတယ်။ခင်ဆွေဝင်း