Main menu

Background

ပြည်မတ်ပဲဈေး မြင့်နေရာမှ ဈေးပြန်အေးလာ

Sun, 07/29/2012 - 06:20 -- Anonymous (not verified)

       ပြည်မြို့မှ ပဲပွဲရုံများကို ပဲဝင်ရောက်မှု နည်းနေခဲ့ပြီး၊ ယခင်တစ်ပတ်က ပဲဈေးမြင့်လာတာကြောင့် လှောင်ပဲများကို ထုတ်ရောင်း ချကြလာကြပါတယ်။ ယခု တစ်ပတ်အတွင်း ပဲဈေးမှာ ဈေးမြင့်လာခဲ့ရာမှ ဈေးပြန်အေးသွားခဲ့တဲ့အတွက် လက် ကျန်ပဲအနည်းငယ် ထုတ်ရောင်းကြသူများလည်း ရှိနေသေးတာ တွေ့ရပါတယ်။ ဇူလိုင်လရဲ့ စတုတ္ထပတ်မှာ ပဲတစ်တင်းကို ၂၀၅၀၀ ကျပ်၊ အလယ်ရက်မှာ တော့ ၁၉၀၀၀ ကျပ်၊ ၁၈၅၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ထိ ဈေးပြန်အေးသွားခဲ့တာကို တွေ့ရပါတယ်။ ရန်ကုန်ဝယ်လက်ကလည်း အဝယ်လိုက်နေပြီး တစ်နေ့ကို အိတ် ၅၀၀ - ၆၀၀ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ကို ပြည်၊ မင်းလှ၊ ကြို့ပင်ကောက်၊ လက်ပံတန်းဘက်မှ ပဲအိတ် ၄၀၀၀ ခန့် တင်ပို့ တယ်လို့ သိရပါတယ်။                                    မိမိအေး