Main menu

Background

အောင်ပန်း ချင်းဈေးကွက်သို့ ချင်း(ဥမ) ပုံမှန်ဝင်

Sun, 07/29/2012 - 06:27 -- Anonymous (not verified)

    တစ်ပတ်လုံး မိုးအဆက်မပြတ်ရွာခဲ့တာကြောင့် ဟိုပုံးမှာလည်း ချင်း(ဥမ)တွေ ဈေးကွက်ကို စပြီးဝင်လာပါပြီ။ ဈေးကွက်ကို ဝင်လာပေမယ့် အဝယ်ကတော့ သိပ်မရှိ သေးပါဘူး။တစ်ပိဿာကိုလည်း ၈၀ကျပ် - ၁၀၀ ကျပ်ဈေးသာရှိသေးတာ ကြောင့်၊ ခြံရှင်တွေကလည်း အလုပ်သမားခနဲ့ ဈေးမကိုက်သေးတာကြောင့် သိပ်ပြီး မဖော်ကြ သေးပါဘူး။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါ တယ်။    အောင်ပန်းဈေးကွက်မှာတော့ ချင်း(ဥမ)တွေပုံမှန် အဝင်ရှိနေပါတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် နှစ်သောင်းခန့် ဝင်တယ်လို့လည်း သိရပါတယ်။ ချင်း ထိုးသမားတွေကတော့ တစ်ဈေးခြားတစ်ခါသာ မှာယူကြတာကြောင့် အရောင်း ကလည်း ပုံမှန်သာရှိပါတယ်။ ချင်းတက်တွေကတော့ ဝယ်လက်ရှိပေမယ့် လက် ကျန်က မရှိတော့ဘူးလို့လည်း သိရပါတယ်။ ချင်း(ဥမ)တွေလည်း သီတင်းကျွတ် ဆိုရင် ကုန်သွားနိုင်ပြီး၊ အဲဒီအချိန်မှာ ချင်းတက် အသစ်တွေပြန်ပြီး ဝင်လာမှာ ဖြစ်ပါတယ်။ ဥမက တစ်ပိဿာ ၁၆၀ ကျပ် - ၁၇၀ ကျပ်ရှိပြီး၊ ချင်းတက်က တစ် ပိဿာ ၃၅၀ ကျပ် - ၄၀၀ ကျပ်ဈေးရှိပါတယ်။ရန်ကုန်ဝယ်လက်တွေ ဝယ်ယူနေ တာကြောင့် ချင်းခြောက်က အရောင်းနည်းနည်းသွက်နေပြီး တစ်ပိဿာ ၁၂၀၀ ကျပ် - ၁၃၀၀ ကျပ်ဈေးရှိပါတယ်။                                 ဧဧခိုင်