Main menu

Background

နနွင်းသစ်မပေါ်မီ နနွင်းဟောင်း ဈေးအနည်းငယ်မာ

Sun, 07/29/2012 - 06:35 -- Anonymous (not verified)

    ရှမ်းနနွင်းက ဒီတစ်ပတ်ဈေးအနည်းငယ်မြင့်တက်လာပါတယ်။ အဝင်နည်းနေပေမယ့် လက်ကျန်တွေ အတော်များများ ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။ နနွင်းသစ်တွေကလည်း သီတင်းကျွတ်၊ တန်ဆောင်မုန်း ဆိုရင် ပြန်ပြီးပေါ် လာ တော့မှာဖြစ်တဲ့အတွက် ဝယ်လိုအားကောင်းမှသာ နနွင်းအသစ် တွေက အဟောင်းတွေနဲ့ မထပ်နိုင်မှာ၊ အောင်ပန်းဈေးကွက် မှာ တော့ နနွင်းဈေးက ပင်လောင်းနနွင်းဆိုရင် တစ်ပိဿာ ၄၀၀ ကျပ်- ၅၀၀ ကျပ်၊တောင်ပို့လနနွင်း(ရိုးရိုး)က၈၀၀ ကျပ် - ၁၀၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းကတစ်ပိဿာ ၁၂၀၀ ကျပ် ဈေး ရှိပါတယ်။    ဟိုပုံးနနွင်းတွေကိုလည်း လှောင်လက်တွေကသာ ဝယ်နေပါတယ်။ မန္တလေးဝယ်လက်တွေကလည်း အဝယ်ခဏရပ်နေပါ တယ်။ နနွင်းလက်ကျန်တွေများပေမယ့် လှောင်လက်တွေဆီမှာသာကျန်ပြီး၊ တောင်သူလက်မှာတော့ လက်ကျန်သိပ်မရှိပါဘူး။ ဟိုပုံးနနွင်းလည်း ဒီတစ်ပတ်မှာ ဈေးတက်လာပြီး လှောင်လက်တွေက တစ်ပိဿာ ၇၅၀ ကျပ် ၇၉၀ ကျပ်ဈေးနဲ့ ဝယ်ယူနေ တယ်လို့ သိရပါတယ်။                                                                                  ဧဧခိုင်