Main menu

Background

လားရှိုး အတက်များတဲ့ မန်းငရုတ်ဈေးမာလာ

Sun, 07/29/2012 - 06:39 -- Anonymous (not verified)

    ယခုနှစ်မိုးနဲ့မျိုးကြောင့်ငရုတ်အထွက်နည်းခဲ့တယ်လို့ သိရ ပါတယ်။ မန္တလေးဈေးကွက်ကို ယခုကာလ မှာ ကျောက်ဆည်၊ မြစ်သားနယ်များမှ ဝင်ရောက်လေ့ရှိပါတယ်။ မန္တလေးမှ ရှမ်း ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် စတဲ့ ဒေသစုံကို တင်ပို့ လျက် ရှိပြီး၊ ယခုနောက်ပိုင်း လားရှိုးမှ အဝယ် ပိုလိုက်တယ်လို့ သိရပါတယ်။ရန်ကုန် ကတော့ ဈေးမကောင်း လို့ တင်ပို့မှု မရှိ ဘူးလို့လည်း သိရပါတယ်။ယခင်လများက အထွက်နည်းသော် လည်းအဝယ်မလိုက်တဲ့ အတွက် ဈေးအေးနေခဲ့ပြီး၊ ယခု နောက် ပိုင်းနယ်စုံ အဝယ်ပုံမှန်ရှိတဲ့အပြင် လားရှိုးဘက်က အဝယ် လိုက်လာခြင်းကြောင့် ဈေးပိုလာရာ လက်ရှိပေါက်ဈေး ငရုတ် ရှည်(မိုးထောင်၊ သာမို၊ ဒီမွန်)တစ်ပိဿာ ၂၄၀၀ ကျပ် ဝန်း ကျင်နဲ့ ယခင်ကထက် တစ်ပိဿာအပေါ် ၁၀၀ ကျပ် ဝန်း ကျင် ဈေးပိုလာတယ်လို့ ပွဲရုံဈေးကွက်မှ သိရပါတယ်။ဝါဝါခင်