ကမ္ဘောဒီးယားနိုင်ငံက ၂၀၁၂ ခုနှစ် ပထမခြောက်လအတွင်းမှာ ချည်မျှင်နဲ့ အထည် ထုတ်ကုန်တွေကို ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံဖိုး ပြည်ပကို တင်ပို့နိုင်ခဲ့တယ်။ ယခင်နှစ် အလားတူကာလက ကန်ဒေါ်လာ ၁ ဒသမ ၉၃ ဘီလီယံဖိုး တင်ပို့နိုင်ခဲ့ရာ ၎င်းပမာဏထက် ၉ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြပါရှိတယ်။ အမေရိကန်နဲ့ အီးယူနိုင်ငံတွေက အဓိကဝယ်လက်နိုင်ငံတွေဖြစ်ကြပြီး ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နဲ့ အခြားအာရှ နိုင်ငံအချို့တို့မှလည်း ဝယ်ယူကြကြောင်း သိရတယ်။၂၀၁၂ ခုနှစ် ပထမခြောက်လအတွင်းမှာ ချည်မျှင်နဲ့ အထည်ကုန်ကြမ်းတွေကို ကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖိုး တင်သွင်းခဲ့တယ်။ ယခင်နှစ် ကာလတူက ကန်ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံဖိုးတင်သွင်းခဲ့ပြီး ယခင်နှစ်ထက် ၂၃ ရာခိုင်နှုန်းပိုမိုကာ တင်သွင်းခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြပါရှိတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍက တိုင်း ပြည်ရဲ့ အကြီးမားဆုံးဝင်ငွေရရှိတဲ့ ကဏ္ဍတစ်ခုဖြစ်တယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ အထည်ချုပ် လုပ်ငန်းကဏ္ဍမှာ စက်ရုံပေါင်း ၃၀၀ ရှိပြီး လုပ်သားဦးရေပေါင်း ၃၃၅၄၀၀ ဦး အထိရှိတဲ့အနက် ၉၁ ရာခိုင်နှုန်းမှာ အမျိုးသမီး လုပ်သားတွေဖြစ်တယ်။ ၂၀၁၁ ခုနှစ်အတွင်း ၎င်းလုပ်ငန်းမှ ဝင်ငွေက ၂၀၁၀ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်းတိုးတက်ပြီး ကန်ဒေါ်လာ ၄ ဒသမ ၂၄ ဘီလီယံ ဖိုးထိတင်ပို့ရရှိခဲ့ကြောင်း သိရပါတယ်။ Source:English.news.cn, စန္ဒာပျို
Background