Main menu

Background

ငွေလဲနှုန်း ဆက်လက်ငြိမ်သက်

Sun, 07/29/2012 - 06:53 -- Anonymous (not verified)

        ယခုတစ်ပတ်အတွင်းတွင်  ပြည် တွင်းငွေလဲနှုန်းသည် အတက်အကျမရှိ ဘဲ ဆက်လက် ငြိမ်သက်နေခဲ့သည်ကို တွေ့ရသည်။ပုဂ္ဂလိက  ငွေလဲစင်တာများတွင် လည်း တစ်နေရာနှင့်တစ်နေရာ ငွေလဲ နှုန်းများမှာ  များစွာကွာဟခြင်းမရှိဘဲ လဲလှယ်လျက်ရှိသည်ကို တွေ့ရသည်။ပြင်ပ  ငွေလဲဈေးကွက်တွင်လည်း ပုဂ္ဂလိကဘဏ်များရှိ ငွေလဲစင်တာများ နှင့် နှစ်ကျပ်၊ သုံးကျပ်သာ ကွာဟမှုရှိ နေခဲ့သည် ကို တွေ့ရသည်။အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် တွင် ဇူလိုင် ၂၃ ရက်က  ရောင်းဈေး ၈၇၃ ကျပ်၊ ဝယ်ဈေး ၈၆၇ကျပ် ရှိခဲ့ပြီး ဇူလိုင် ၂၇ ရက်တွင် ရောင်းဈေး ၈၇၅ ကျပ်၊ ဝယ်ဈေး ၈၆၇ ကျပ်ဖြင့် အနည်း ငယ်သာ  အပြောင်းအလဲရှိခဲ့သည်။ အလားတူ ဧရာဝတီဘဏ်၊ သမဝါယမ ဘဏ်နှင့် ကမ္ဘောဇဘဏ်တို့တွင်လည်း အပြောင်းအလဲအနည်းငယ်သာ ရှိခဲ့ပြီး ဈေးနှုန်း ငြိမ်သက်လျက်ရှိသည်ကို တွေ့ ရသည်။ယင်းကဲ့သို့  ငွေဈေးနှုန်းများ ငြိမ် သက်နေခြင်းနှင့်ပတ်သက်၍  " ဒီတစ် ပတ်မှာ ငွေလဲနှုန်းက ငြိမ်နေတယ်လို့ ပြောလို့ရတယ်။  အပြောင်းအလဲက သိပ်မရှိလောက်ဘူး။ နှစ်ကျပ်၊ သုံးကျပ် လောက်ပဲရှိတာ။  ဒါကလည်း ငွေလဲ စင်တာတွေမှာ အဝယ်နဲ့အရောင်းကမျှ နေလို့ပါ။   အပြင်ဈေးကွက်မှာလည်း အရင်တုန်းကလို ငွေလဲဈေးကွက် သိပ် မသွက်တော့ဘူး။ ကားဈေးကွက် အေး နေတာလဲပါတာပေါ့။  မိုးတွင်းဆိုတော့ ကားဈေးကွက်က  အရင်လို  မသွက် တော့ဘူး။ ဒါကြောင့်လည်း ငွေလဲနှုန်း က ငြိမ်နေတာပါ ''ဟု  ငွေလဲစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ပြင်ပငွေလဲဈေးကွက်တွင်  ဇူလိုင် ၂၇ ရက်က ရောင်းဈေး ၈၇၁ ကျပ်၊ ဝယ်ဈေး ၈၆၉ ကျပ်ရှိခဲ့သည်။မယ်သီတာ