Main menu

Background

တရုတ်စီးပွားရေးတိုးတက်မှု ကျဆင်းခြင်းနှင့် ကမ္ဘာ့ရေနံစိမ်းရောင်းလိုအား မြင့်မားနေခြင်းတို့က ရေနံစိမ်းဈေးနှုန်းကို အားနည်းစေ

Sun, 07/29/2012 - 06:50 -- Anonymous (not verified)

       တရုတ်နိုင်ငံက ကမ္ဘာ့ဒုတိယမြောက် ရေနံ စိမ်းသုံးစွဲမှု အများဆုံးနိုင်ငံဖြစ်တဲ့အတွက် တရုတ် နိုင်ငံရဲ့ စီးပွားရေးအခြေအနေက ကမ္ဘာ့ရေနံစိမ်း ဈေးကွက်ကို များစွာလွှမ်းမိုးနေတယ်။ ယခုသုံးလ ပတ်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု နှေး ကွေးကာ ၇ ဒသမ ၄ ရာခိုင်နှုန်းသာ တိုးတက် နိုင်တယ်လို့ တရုတ်ဗဟိုဘဏ်  ငွေကြေးမူဝါဒ ကော်မတီမှ အကယ်ဒမစ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့Song Guoqing  က ပြောကြားတယ်။တရုတ်နိုင်ငံရဲ့  စီးပွားရေးအခြေအနေက ဆက်လက်  အေးနေနိုင်တယ်လိ့ုလည်း ၎င်းက ထပ်မံပြောကြားခဲ့တယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး နှေးကွေးတဲ့အချိန်မှာ အီးယူဒေသအနေနဲ့လည်း ကြွေးမြီအကျပ်အတည်းကို ထိန်းချုပ်ဖို့ ရုန်းကန် နေရဆဲဖြစ်ပြီး ကမ္ဘာ့ရေနံစိမ်းဝယ်လိုအား ကျ ဆင်းသွားမယ်လို့ ခန့်မှန်းကြတယ်။ ဒါကြောင့် ဇူလိုင် ၂၃ ရက်မှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ ကျဆင်းလာတယ်။ နယူးယောက် ကုန်စည်ရောင်းဝယ်ရေးမှာ စက်တင်ဘာလ အရောက်ပို့ရမယ့်  ရေနံစိမ်းက တစ်စည်ကို ၁ ဒသမ ၅၆ ဒေါ်လာ ကျဆင်းကာ ၉၀ ဒသမ ၂၇ ဒေါ်လာအထိ ရောက်ရှိလာတယ်။ စက်တင်ဘာလ ငွေချေရမယ့် ဘရန့်အမျိုးအစား ရေနံစိမ်းကလည်း  တစ်စည်ကို ၁ ဒသမ ၃၉ ဒေါ်လာ (၁ ဒသမ ၃ ရာခိုင်နှုန်း) ကျဆင်းကာ ၁၀၅ ဒသမ ၄၄ ဒေါ်လာနဲ့ လန်ဒန်အခြေစိုက်  ICE Futures Europe Exchange မှာအရောင်းအဝယ်ဖြစ်ခဲ့တယ်။ ကမ္ဘာ့ရေနံစိမ်းဈေးကွက်မှာ ရောင်းလိုအား လည်း မြင့်မားနေရာ ဈေးနှုန်းမြင့်မားနိုင်မှုအလား အလာကို  အတားအ ဆီးဖြစ်စေတယ်လို့  သိရ တယ်။ Source :bloomberg.comပပ