Main menu

Background

ငွေလဲနှုန်း ငြိမ်သက်နေသော်လည်း မြန်မာ့ရွှေဈေး ဆက်လက်မြင့်တက်

Sun, 07/29/2012 - 06:56 -- Anonymous (not verified)

    ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ငြိမ်သက်နေခဲ့သည့်မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာ ခဲ့သည်ကို တွေ့ရသည်။ ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းခဲ့သော်လည်း မြန်မာ့ရွှေဈေးမြင့်တက်လာခဲ့မှုကြောင့် ပြည်တွင်းဈေး ကွက်တွင် ရွှေရောင်းလိုအားများ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ပြည်တွင်းငွေလဲနှုန်းမြင့်တက်ခဲ့စဉ်က မြန်မာ့ရွှေဈေးသည်သိသာစွာ မြင့်တက်ခဲ့ခြင်းမရှိသော်လည်း ပြည်တွင်းငွေလဲနှုန်း ကျဆင်းလာချိန် တွင် သိသာစွာ မြင့်တက်ခဲ့မှုကြောင့် ရောင်းလိုအားများ ယခင်ရက်သတ္တပတ်အတွင်းကထက် ပိုမိုမြင့်တက် ခဲ့ ကြောင်း သိရသည်။ မြန်မာ့ရွှေဈေးမြင့်တက်ခဲ့ရခြင်းမှာ ပြည်တွင်းဝယ်လိုအားကြောင့်မဟုတ်ဘဲ  ကမ္ဘာ့ရွှေဈေးမြင့် တက်ခဲ့ ၍ ဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးကပြောသည်။" ကျွန်တော်တို့ ဒီဈေးကွက်မှာကတော့ ဒီတစ်ပတ် ဈေးတက်လာတယ်။ ငွေလဲနှုန်းကျနေတဲ့အချိန်မှာ ကမ္ဘာ့ရွှေဈေးက တက်လာတယ်။ အဲဒီတော့ မြန်မာ့ရွှေဈေးက တက်ရိပ်ကိုပြနေခဲ့တာ။ အဲဒီတုန်းက ရွှေဈေးက တက်လိုက်ကျလိုက်နဲ့ ဖြစ်ခဲ့တာ။ ဒီတစ်ပတ်မှာတော့ မြန်မာ့ရွှေဈေးက အတက်ဘက်ကို ဦးတည်နေခဲ့တာ။ ဒါကလည်း ကမ္ဘာ့ရွှေဈေးက နေ့စဉ်နဲ့အမျှတက်နေ တာ။ ဒါကြောင့် မြန်မာ့ရွှေဈေးလည်း လိုက်တက်နေတာပါ။ ရွှေဈေးတက်တော့ ဝယ်ရောင်းသမားတွေ  အလုပ်ဖြစ်ကြတာ ပေါ့။ ဒီတစ်ပတ်ဆိုရင် ရောင်းလိုအားက ပိုများလာတယ်'' ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။မြန်မာ့ရွှေဈေးသည် ဇူလိုင် ၂၄ရက်တွင် ကျပ် ၇၂၉၀၀၀ ရှိရာမှ  ဇူလိုင် ၂၅ရက်တွင် ကျပ် ၇၃၁၀၀၀သို့ တက်လာခဲ့ သည်။ ထို့နောက် ဇူလိုင် ၂၇ ရက်တွင် ကျပ် ၇၃၆၅၀၀ အထိ မြင့်တက်လာခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း ဇူလိုင် ၂၄ ရက်တွင် ၁၅၇၇ ဒေါ်လာသာရှိခဲ့ရာမှ ဇူလိုင် ၂၇ ရက်တွင် ၁၆၁၇ ေ`ဒါ်လာအထိ မြင့်တက်လာခဲ့သည်။        မယ်သီတာ