Main menu

Background

ကန်ဒေါ်လာတန်ဖိုး မြင့်မားလာခြင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်းတို့ကြောင့် ရွှေကိုဝယ်ယူရန် စိတ်ဝင်စားမှုနည်းသွား

Sun, 07/29/2012 - 07:00 -- Anonymous (not verified)

         အီးယူဒေသ   ကြွေးမြီအကျပ် အတည်းထိန်းချုပ်ဖို့ ခက်ခဲစွာရုန်းကန် နေရတဲ့အတွက် ယူရိုငွေတန်ဖိုး ကျဆင်း ပြီး ကန်ဒေါ်လာ တန်ဖိုး  မြင့်မားလာ ခြင်း၊ ကမ္ဘာ့ရွှေဝယ်လိုအား အများဆုံး ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုး တက်မှု နှေးကွေးနေခြင်း တို့ကြောင့် ရွှေ ကိုဝယ်ယူဖို့ စိတ်ဝင်စားမှုနည်းသွားရာ ဇူလိုင် ၂၃ ရက် ကမ္ဘာ့ရွှေဈေး အနည်း ငယ် အားနည်းလာတယ်။ယခုနှစ် လက်ရှိအချိန်အထိကာလ အတွင်း ကန်ဒေါ်လာက  ငွေကြေးခြင်း တောင်းအတွင်းရှိ ငွေကြေးများတန်ဖိုး နဲ့ယှဉ်ရင် လေးရာခိုင်နှုန်းကျော် တန်ဖိုး မြင့်မားခဲ့တယ်။  ကန်ဒေါ်လာတန်ဖိုး မြင့်မားမှုကြောင့်  ရွှေကိုဝယ်လိုအား နည်းသွားခြင်းက ကမ္ဘာ့ရွှေဈေးနှုန်း အပေါ် ဖိအားဖြစ်စေရာ  ၎င်းကာလ အတွင်း ရွှေဈေးနှုန်းမှာ ၁ ရာခိုင်နှုန်းဝန်း ကျင်သာ မြင့်မားခဲ့တယ်။အမေရိကန်  ဗဟိုဘဏ်အနေနဲ့ စီးပွားရေးလှုံ့ဆော်မှု  စီမံကိန်းတွေ ဆောင်ရွက်ဖို့ ငွေကြေးမူဝါဒဖြေလျော့ မှုတွေ  ပြုလုပ်မယ့် ကတိကဝတ်မပြု ခြင်းကလည်း  ရင်းနှီးမြှုပ်နှံသူတွေကို ရွှေဝယ်ယူထားဖို့ တွန်းအားပေးနိုင်ခြင်း မရှိကြောင်း သိရတယ်။ ဒါကြောင့် ဇူလိုင် ၂၃ ရက် ရွှေဈေးနှုန်းက ဇူလိုင် ၂၀ ရက်ကထက်  သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းကာ တစ်အောင်စကို ၁၅၇၉ ဒသမ ၂၉ ဒေါ်လာနဲ့ ဂရင်းနစ်စံ တော်ချိန် ၀၃၄၆ နာရီမှာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လိ့ု သိရတယ်။Source :brecorder.com,  ပပ