ဒီတစ်ပတ်မြေသြဇာ အဝင်လျော့

ဒီတစ်ပတ်မြေသြဇာ အဝင်လျော့ဇူလိုင် ၁၅ ရက်မှ ၂၁ရက်တာကာလအတွင်း မြေသြဇာတန်ချိန် ၇၄၃ ဒသမ ၀၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်ငါးသိ န်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ မြေသြဇာတွေက အိန္ဒိယမှ မြေသြဇာ ၅ တန်၊ ဘယ်လ်ဂျီယန်မှ ကွန်ပေါင်းမြေသြဇာ တန် ၂၅၀၊ ဘူဂေးရီးယားမှ ကွန်ပေါင်းမြေသြဇာ တန် ၂၅၀၊ စင်ကာပူနိုင်ငံမှ မြေသြဇာ ၁၁ တန်နဲ့ မလေးရှားနိုင်ငံမှ မြေသြဇာ တန်ချိန် ၂၂၇ ဒသမ ၀၄ တန် ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် တစ်ထောင့်ခုနစ်ရာကျော် ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်ထောင်နီးပါးလျော့နည်းပြီး တင်သွင်း ခဲ့တာ တွေ့ရပါတယ်။                                      MIRT(DOT) နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တန်ချိန် ၁၀၀၀၀ ကျော် တင်သွင်းခဲ့နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ မြိတ်၊ ကော့သောင်းနဲ့ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၁၃၇၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၀၁၃၄ ဒသမ ၅၇၄ တန်ကို ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိကာလ အတွင်းမှာ တင်သွင်းခဲ့ပါတယ်။ မြိတ်စခန်းမှအပ ကျန်စခန်းများမှ တင်သွင်းမှု လျော့နည်းခဲ့တဲ့အတွက် ယခင်အပတ်ကထက် တန်ချိန် ၅၀၅၁ တန်ကျော် လျော့ နည်းတင်သွင်းခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း နယ်စပ်အလိုက် တင်သွင်းမှုတွေက တော့ မူဆယ်မှ ၉၄၉၈ တန်ကျော်၊ မြိတ်မှ ၂၁၃ တန်ကျော်၊ ကော့သောင်းမှ တန် ၂၁၀ နဲ့ ရိဒ်မှ ၂၁၃ တန်အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံး တင်သွင်းတဲ့  ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ နိုက်တြစ်ဖော့စဖိတ်၊ ကွန်ပေါင်း(၁၀း၁၀း၅)၊ တီစူပါဖော့စဖိတ်၊ ကွန်ပေါင်း (၁၅း၅း၅) တို့ ဖြစ်ပါ တယ်။ မူဆယ်နဲ့ ရွှေလီတို့မှ ဓာတ်မြေသြဇာ ပေါက်ဈေးအချို့ကို ဖော်ပြရမယ်ဆိုလျှင် ယူရီးယားတစ်တန်ကို ၃၉၂ ဒေါ်လာကျော်၊ ကွန်ပေါင်း ၁၀း၁၀း၅ တစ်တန်ကို ၄၄၇ ဒေါ်လာ၊ ၁၀း၁၀း၅ ကို ၂၄၅ ဒေါ်လာခန့် အသီးသီး ဈေးပေါက်လျက် ရှိပါတယ်။                                          MIRT(DOBT) ပုံမှန်ဈေးအတိုင်းရှိနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ မြေသြဇာ အရောင်းအေးနေတယ်လို့ အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာေ တာ့ ယူရီးယား-ပုလဲက ယခင်ဈေးအတိုင်းမပြောင်းလဲပေမဲ့ ကွန်ပေါင်း ၁၅း၁၅း၁၅ (ပန်းရောင်)၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)နဲ့ တီစူပါ ၄၆%(သံကွင်း- တရုတ်)က တစ်အိတ်ကို ၅၀၀ ကျပ်ဝန်းကျင်ဈေးကျလာတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပါ တယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက ပုလဲ အသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တစ်အိတ်ကို ၂၂၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅ ပတ်(ထိုင်း) က ၃၄၀၀၀ ကျပ် ၊ ကွန်ပေါင်း ၁၅ ပတ်လည် (ပန်းရောင်) က ၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၀၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၃၀၀၀ ကျပ်နဲ့ တီစူပါ (မြားကမ္ဘာ-တရုတ်) က ၁၁၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ  ဓာတ်မြေသြဇာ  အရောင်း ပါးလာတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ယူရီးယား-ပုလဲမြေသြဇာ၊ တီစူပါ ၁၂% (တရုတ်) တီစူပါ ၁၆%(တရုတ်)၊ တီစူပါ ၁၀း၁၀း၅ (တရုတ်)မြေသြဇာများမှာ ၅၀၀ ကျပ်ဈေးကျလာပြီး ပိုတက်ရှ် ၁၀၀၀ ကျပ်၊ ဓာတ်ဆား ၄၅၀၀ ကျပ်ဈေးကျလာတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ယူရီးယား- ပုလဲ (ကမ္ဘာလုံး-ရွှေတောင်) (တရုတ်) ၁၉၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး- တရုတ်) ၂၀၀၀၀ ကျပ်၊ တီစူပါ ၁၂%(တရုတ်) ၈၀၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်)၈၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၆၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၀၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၆၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၂၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) က ၁၉၀၀၀ ကျပ်နဲ့ မြားကမ္ဘာ ၁၄၀၀၀ ကျပ်ဈေးတို့နဲ့ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။မန္တလေးဈေးကွက်မှာ  ဓာတ်မြေသြဇာ ရောင်းအားတက်လာတယ်လို့ မြေသြဇာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။  ဒီရက်ပိုင်း မိုးလည်းကျ လာတာကြောင့် ရောင်းအား ပြန်တက်လာတယ်။ မူဆယ်ဘက်ကဝင်လာတဲ့ မြေသြဇာက မန္တလေးကိုရောက်ပြီး မန္တလေးမှတစ်ဆင့် မကွေး၊ တောင်ကြီး၊ မုံရွာ ဘက်ကို ပြန်တင်ပို့ရတာကြောင့် အဲဒီဒေသတွေမှာ မိုးနည်းနည်းရတာနဲ့ အရောင်း  ပြန်တက်လာတာလို့ဆိုပါတယ်။ ဒီတစ်ပတ်မှာ ယူရီးယားမြေသြဇာက ၂၀၀ ကျပ်မှ ၄၀၀ ကျပ်အတွင်း ဈေးကျလာပြီး တီစူပါ ၄၆% တရုတ် (GTSP) က ၃၄၀၀ ကျပ်၊ တီစူပါ (GTSP) ၁၂% တရုတ်က ၁၀၀ ကျပ် ဈေးမြင့်လာပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ယူရီးယား (ရွှေတောင်-တရုတ်) ၁၉၂၀၀ ကျပ်၊ ယူရီးယား-ပန်းဖူး (တရုတ်) ၂၀၆၀၀ ကျပ်၊ တီစူပါ  (GTSP) ၄၆%-တရုတ်) ၂၃၃၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၈၁၀၀ ကျပ်၊ တီစူပါ (GTSP) ၁၂%-တရုတ်) က ၇၆၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀၀ ကျပ်နဲ့ အာမို ၁၀း၁၀း၅ က ၁၃၂၀၀ ကျပ်ဈေးနဲ့ ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာရောင်းအားတက်တယ်လို့ မြေသြဇာ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ဒီရက်ပိုင်း ဓာတ်မြေသြဇာ အသုံးများလာလို့ ရောင်းအားလည်း တက်လာရတယ်လို့ သိရပါတယ်။ ရောင်း အားတက်လာပေမဲ့ မြားကမ္ဘာ-တရုတ် ၁၂း၁၃(အပြာ) က ၇၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၃၀၀ ကျပ်နဲ့ တောင်သူမက ၁၀၀ ကျပ် ဈေးကျပြီး အာမို ၁၅း၁၅း၁၅ က ၅၀၀ ကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ကျန်အမျိုးအစားတွေက ယခင်ဈေးအတိုင်းပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မြေသြဇာဈေးတွေက  မြားကမ္ဘာ-တရုတ် ၁၂း၁၃ က (အပြာ) ၁၄၈၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၄၆၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၅၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၄၀၀၀ ကျပ်၊ ယူရီး ယားပုလဲ(ပန်းဖူး- တရုတ်)က ၂၂၂၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ တီစူပါ (မြှားနီ-တရုတ်) ၂၃၀၀၀ ကျပ်၊ တောင်သူမက ၁၄၅၀၀ ကျပ်၊ ပိုတက်က ၂၂၀၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၅၀၀ ကျပ်ဈေးတို့နဲ့ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။                         MIRT(DOT)