Main menu

Background

အမေရိကန်ပြည်ထောင်စုရှိ ပဲပုပ် စိုက်ပျိုးထုတ်လုပ်သော ဒေသများတွင် မိုးရွာသွန်းပြီဖြစ်၍ ဈေးနှုန်းနှင့် ရောင်းလိုအားအပေါ် စိုးရိမ်မှုများ ကျဆင်းသွား

Sun, 07/29/2012 - 07:14 -- Anonymous (not verified)

    ကမ္ဘာမှာ ပဲပုပ်စေ့စိုက်ပျိုး ထုတ် လုပ်မှု အများဆုံးနိုင်ငံဖြစ်တဲ့ အမေရိ ကန်ရဲ့ ပဲပုပ်အဓိကစိုက်ပျိုး ထုတ် လုပ် တဲ့ ဒေသတွေမှာ ပူပြင်းခြောက်သွေ့ တဲ့ ရာသီဥတုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစား နေရပြီး ပဲပုပ်စေ့ထုတ်လုပ်မှု ကျဆင်း ကာ ရောင်းလို အား လျော့နည်း သွား လိမ့်မယ်လို့ စိုးရိမ်ပူပန်လာကြတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ် ချီကာဂို ကုန် စည် ရောင်းဝယ်ရေးမှာ ဇွန်လဆန်းပိုင်း မှ စပြီး ဈေးနှုန်းမြင့်မားခဲ့တဲ့ ပဲပုပ်စေ့ ဈေးနှုန်းက ယခုနှစ်အတွင်း ၂၉ ရာခိုင် နှုန်းမြင့်မားခဲ့တယ်။     ဇူလိုင် ၂၃ ရက်ကလည်း ပဲပုပ်စေ့ တစ်ဘွတ်ရှယ်လ်ကို ၁၆ ဒသမ ၉၁၅ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၆၂၆ ဝန်းကျင်)အထိ ရောက်ရှိခဲ့တယ်။ လာမယ့်သုံးလအတွင်း တစ်ဘွတ်ရှယ် ကို ၂၀ ဒေါ်လာ (တစ်တန်ကို ဒေါ်လာ ၇၄၀) အထိ ရောက်ရှိနိုင်တယ်လို့  Goldman Sachs Group Inc   က ခန့် မှန်းထားသော်လည်း ယခုရက်ပိုင်း အမေရိကန် အနောက် အလယ်ပိုင်း နေရာ အနှံ့အပြားမှာ မိုးစတင်ရွာသွန်း လာပြီဖြစ်ရာ သီးနှံစိုက်ပျိုးမှု အခြေ အနေတည်ငြိမ်ဖွယ်ရှိတယ် လိ့ု မျှော်လင့် လာကြတယ်။ ဒါပေမဲ့ သုတေသီတွေ ကတော့သီးနှံတွေ ကျန်းမာသန်စွမ်းရေး အတွက် မိုးရေရရှိမှုပမာဏ ထပ်မံ လိုအပ် သေးတယ်လို့ ပြောကြားကြ တယ်။ပပ၊Source :bloomberg.com