Main menu

Background

မလေးရှားနိုင်ငံရဲ့ စားအုန်းဆီ တင်ပို့မှု ၁၄ ရာခိုင်နှုန်း ကျဆင်း

Sun, 07/29/2012 - 07:18 -- Anonymous (not verified)

    မလေးရှားနိုင်ငံရဲ့ စားအုန်းဆီတင်ပို့မှုမှာ ဇွန်လ အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ဇူလိုင် ၁ ရက်က ၂၅ ရက်အထိ ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း Intertek က ပြုလုပ်တဲ့ လွတ်လပ်တဲ့ ဈေးကွက်သုတေသနပြုချက်အရ သိရပါတယ်။ ယခင်ဇွန်လ အလားတူကာလနဲ့ စုစုပေါင်း တင်ပို့မှုက တန် ၁ ဒသမ ၂ သန်းရှိပြီး ယခုလပိုင်းမှာ စုစုပေါင်းတင်ပို့ မှုက ၁ ဒသမ ၀၃ သန်းသာရှိခဲ့ကြောင်း သုတေသနပြုချက်အရ သိရပါတယ်။    စားအုန်းဆီရဲ့ သုံးလကြိုပွိုင့်ဈေးက ဇူလိုင် ၂၅ ရက်က ၁၈ ရင်းဂစ်မြင့် တက်ပြီး၊ တစ်တန်ကို ၂၉၄၄ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။    မလေးရှားစားအုန်းဆီကောင်စီရဲ့ ကိန်းဂဏန်းများအရ ဇန်နဝါရီမှ ဇွန်အထိ ကာလအတွင်း အိန္ဒိယနိုင်ငံက မလေးရှားစား အုန်းဆီတင်သွင်းရာမှာ ဥရောပသမဂ္ဂ (အီးယူ)ကို ကျော်တက်ပြီး၊ တရုတ်ပြီးရင် ဒုတိယနေရာကို ရယူခဲ့တယ်။ အိန္ဒိယက ၁ ဒသမ ၀၇ တန် ဝယ်ယူပြီး၊ အီးယူက ၁ ဒသမ ၀၄ တန် ဝယ်ယူခဲ့ပါတယ်။     စားအုန်းဆီချောများအတွက် ကောက်ခံသောအခွန်ကို မကြာသေးမီက အိန္ဒိယနိုင်ငံက မြှင့်တင်ခဲ့ပါတယ်။ ထိုသို့ကောက်ခံမှုကြောင့် မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ရှိ စားအုန်းဆီချက်လုပ်သူများရဲ့ ဝင်ငွေကို ကျဆင်းစေ ခဲ့ကြောင်း လေ့ လာ ဆန်းစစ်သူတို့က ပြောကြားပါတယ်။    ကမ္ဘာပေါ်တွင်  စားအုန်းဆီတင်ပို့မှု အများဆုံး နိုင်ငံထဲမှာ ပါဝင်တဲ့ အိန္ဒိယ နိုင်ငံက ဇူလိုင် ၁၈ ရက်က သွင်းကုန်ခွန် ကို နှစ်ဆမြှင့်တင်ခဲ့ပါတယ်။ ထို့ကြောင့် မလေးရှားနဲ့ အင်ဒိုနီးရှားက တင်သွင်းတဲ့ စားအုန်းဆီဈေးနှုန်း တွေမြင့်တက်စေခဲ့ပါ တယ်။    သို့သော် ထိုဆုံးဖြတ်ချက်မှာ စားအုန်းဆီကြမ်းတင်သွင်းမှုမှာ အကောက်ခွန် လွတ် ဖြစ်သောကြောင့် စားအုန်းဆီကြမ်း ထုတ်လုပ်သူတို့အတွက် ထိခိုက်မှု မရှိခဲ့ပါ။UNT,Source: biz.thestar.com