Main menu

Background

မြန်မာနိုင်ငံတွင် သတ္တုတူးဖေါ်ရေးလုပ်ငန်းကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်မည့် အလားအလာရှိ

Sun, 07/29/2012 - 07:30 -- Anonymous (not verified)

     အပြည်ပြည်ဆိုင်ရာ  အသိုင်း အဝိုင်းမှ ရင်းနှီးမြှုပ်နှံသူများ အသုံးပြု နိုင်ဖို့အတွက်  မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို မကြာမီပြဌာန်းတော့မှာ ဖြစ်တဲ့အတွက် သတ္တုတူးဖော်ရာမှာ ပွင့် လင်းမြင်သာမှု၊ တာဝန်ယူမှုနဲ့ လုံခြုံမှု အာမခံချက်ရှိရှိဖြင့် သတ္တုတူးဖော် ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူ တို့ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံက အချက်ပြလျက်ရှိတာကို ဇူလိုင် ၂၅ ရက်က ထုတ်ပြန်တဲ့ မီဒီယာ သတင်းများအရ သိရကြောင်းရှင်ဝှာ သတင်းဌာနတွင်ဖော်ပြထားသည်။    နိုင်ငံတော်က ပိုင်ဆိုင်ထားတဲ့ မြေပေါ်မြေအောက်နဲ့ သမုဒ္ဒရာတွင်းရှိ သယံဇာတများ ထုတ်လုပ်အ သုံးပြုခြင်း ဖြင့် မြန်မာနိုင်ငံသည် အာဆီယံ စီးပွား ရေးအသိုက်အဝန်း (AEC)မူဝါဒများနဲ့ အညီ ဈေးကွက်ကို ဝင်ရောက်ဖို့ကြိုး စား နေကြောင်း ရန်ကုန်မြို့မှာ ကျင်းပ လျက်ရှိသော မြန်မာ့သတ္တုတူးဖော်ရေး ထိပ်သီး ဆွေးနွေးပွဲတွင် သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းထိုက်က ပြောပါတယ်။    ဝန်ကြီးက နိုင်ငံခြား ဖက်စပ် လုပ်ငန်းကိုအားပေးပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို အားပေးလျက်ရှိကြောင်း ပြောကြားပါတယ်။ ဇူလိုင် ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပတဲ့ ထိပ်သီး ဆွေး နွေးပွဲသို့နိုင်ငံခြားပညာရှင်နဲ့ လုပ်ငန်းရှင် ၂၅၀ တက်ရောက် ပြီး ပြည်တွင်းမှလည်း အများအပြားတက်ရောက်ခဲ့ရာစုစုပေါင်း ၃၀၀ ခန့် ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံသည် ရွှေ၊ ကျောက်မျက်၊ ကြေးနီ၊ ခဲ၊ သွပ်နဲ့ ကျောက်မီးသွေးလို သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံမှုတွေကို အားပေးလျက်ရှိပါ တယ်။ သတ္တုမဟုတ်တဲ့ တွင်းထွက် ကျောက်မီးသွေးက မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံနေတဲ့  ကုမ္ပဏီတွေ ရှာဖွေ တူးဖော်နေတဲ့ တွင်းထွက်ဖြစ်ပါတယ်။    မြန်မာနိုင်ငံမှာ သတ္တုရှာဖွေ တူး ဖော်ရေးကို ဆောင်ရွက်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေထဲမှာသြစတြေးလျ၊တရုတ်၊ ပြင်သစ်၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ထိုင်း၊ အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားတို့ ပါဝင်ပါတယ်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖွင့်ပေးခဲ့တဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း ၂၀၁၂ ခုနှစ် မတ်လအထိ စီမံကိန်း (၆၆)ခုမှာ ပြည်ပ ကုမ္ပဏီများရဲ့ သတ္တုတူးဖော်ရေး ကဏ္ဍ မှာ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၂.၈၁၄ ဘီလီယံရှိခဲ့ပါတယ်။ စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုရဲ့ ၉ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး လျှပ်စစ် ဓာတ်အားနဲ့ ရေနံပြီးလျှင် တတိယ အများဆုံးကဏ္ဍ ဖြစ်ပါတယ်။Source.Xinhua