Main menu

Background

မြန်မာ့စီးပွားရေးမှာ ကြားခံစေ့စပ်ပေးသူနေရာမှ စင်ကာပူ စီးပွားရေးလုပ်ငန်းများက ဆောင်ရွက်နိုင်

Sun, 07/29/2012 - 07:40 -- Anonymous (not verified)

    မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို မျက်စိကျလာ တဲ့ နိုင်ငံတွေ များပြားလာပြီဖြစ်တဲ့အတွက် စင်ကာပူကုမ္ပဏီတွေကလည်း မြန်မာ နိုင်ငံက ယှက်ဖြာလာတဲ့ အခွင့်အလမ်းတွေရဲ့လမ်းကြောင်းမှာ လိုက်ပါနိုင်အောင် ပြင်ဆင်ဖို့ လိုပြီဖြစ်ကြောင်းကုန်သွယ်ရေးထိပ်တန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။    " ပြိုင်ဖက်တွေကြားမှာ ကျွန်တော်တု့ိက စံနမူနာပြဖြစ်အောင် လုပ်ရပါမယ်။ သူတို့က စောင့်ကြည့်လေ့လာ အကဲခတ်နေကြတယ်" လို့ IE Singapore  ကုန် သွယ်မှု အေဂျင်စီမှ အုပ်စုဒါရိုက်တာ တန်ဆွန်းကင်က ပြောပါတယ်။ ဒါပေမဲ့ မျက်စိစုံမှိတ်ပြီး ကမူးရှူးထိုး မလုပ်ဖို့လည်း သူကကုမ္ပဏီတွေကို သတိပေးပါတယ်။ ယခုလိုယှဉ်ပြိုင်မှုများပြီး သူနိုင်ကိုယ်နိုင်အပြိုင်နွဲှရမဲ့ပွဲမှာ စင်ကာပူက တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရမဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။ ဥပမာ ပြောရရင် ဘဏ္ဍာရေးကဏ္ဍမှာ  ဂျပန်က စတော့အိတ်ချိန်းလုပ်ဖို့ လက်ဦးထား ပြီးဖြစ်ပါတယ်။ ကိုရီးယားတွေ စွမ်းအင်ကဏ္ဍကို ရယူထားပြီးဖြစ်ပါတယ်" လို့ သူကပြောပါတယ်။     ''အမေရိကန်နဲ့ ဥရောပက တောင်သူတို့ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ယာယီ ရပ်ဆိုင်းကုန်ကြပါပြီ။ သူတို့ကေ စာင့်ကြည့်နေဦးမယ်ဆိုတဲ့ သဘောထားရှိပေမဲ့ သူတို့ထဲက တချို့ကုမ္ပဏီတွေက မြန်မာ့စီးပွားရေးထဲ ဘယ်လိုဝင် ရင် ကောင်း မလဲဆိုတာ ကျွန်တော့်ဆီလာပြီး အကြံတောင်းကြတယ်။ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှု ရှိပေမဲ့ စင်ကာပူ ကုမ္ပဏီေ တွကိုတော့ လိုလိုလားလား ကြိုဆိုထားပါတယ်။ ကျွန်တော်တို့ ကြားခံစေ့စပ်ပေးရာမှာ တော်ကြပါတယ်။ ပြီးတော့ ဒီနေ့ မြန်မာ နိုင်ငံ ကလိုအပ်နေတာကလည်း ကျန်ကမ္ဘာကြီးနဲ့ မြန်မာနိုင်ငံကို ချိတ်ဆက်ပေးဖို့ ပါပဲ" လို့ တန်က ပြောပါတယ်။    စင်ကာပူစီမံခန့်ခွဲမှုတက္ကသိုလ်မှာ ဇူလိုင် ၂၃ ရက်က ကကျင်းပတဲ့ ဆွေးနွေးပွဲ အပြီး အလွတ်သဘောဆွေးနွေး ပွဲမှာ ပြောတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို IE Singapore  အေဂျင်စီက မြန်မာနိုင်ငံရှိစီးပွားရေးအခွင့်အလမ်းတွေအကြောင်း တင်ပြခဲ့ပါတယ်။စင်ကာပူနိုင်ငံကမြန်မာနိုင်ငံက ဟိုတယ်လုပ်ငန်းမှာ အများဆုံး ပါဝင်နေပြီး ပတ်ခ်ရွိုင်ရယ် ရန်ကုန်၊ ဆီဒိုးနားဟိုတယ်ရန်ကုန်နဲ့ ထရိတ်ဒါးဟိုတယ် ရန်ကုန်တို့မှာ အများဆုံးရင်းနှီးမြှုပ်နှံထားပါတယ်။ ဒါကြောင့် ဟိုတယ်လုပ်ငန်း က ဆွဲဆောင်မှုကောင်းတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်SEA Game  နဲ့ ၂၀၁၄ အာဆီယံထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပမှာ ဖြစ်တဲ့ အတွက် ဟိုတယ်ခန်းတွေရဖို့ခဲယဉ်းနိုင်ကြောင်း သူကပြောပါတယ်။            Source:nationmultimedia.com