Main menu

Background

မတရား အကျိုးအမြတ်ယူမှုအတွက် တောင်ကိုရီးယားဘဏ်များ ဝေဖန်ခံရ

Sun, 07/29/2012 - 07:47 -- Anonymous (not verified)

    ချေးငွေအတိုးနှုန်းများကိုယူပြီး အကျိုးအမြတ်များကို မမှန်မကန်ယူနေ ကြောင်း စွပ်စွဲပြီး၊ ပြည်တွင်းဘဏ်များ ကို တောင်ကိုရီးယားရှိ ပြည်သူများက ဝေဖန်မှု တစ်စစကြီးထွားလျက်ရှိပါတယ်။    " ကျွန်မဘဏ်ကိုသွားပြီးချေးငွေယူတုန်းက အတိုးနှုန်းနည်းနည်းနဲ့ ဘဏ်က ထုတ်ချေးပါတယ်။ဒါပေမဲ့ စီးပွားရေးအခြေအနေ ပိုဆိုးလာလို့ အတိုးနှုန်းက ပိုပြီးမြင့်တက်လာပါတယ်။ အတိုးနှုန်းပြောင်းတာကိုလည်း အကြောင်းမကြားပါ ဘူး။ဒါပေမဲ့ ချေးငွေကိုဆက်ယူမယ်ဆိုရင် စာရွက်စာတမ်းတွေကို လက်မှတ်ထိုးဖို့ ပြောပါတယ်။ အတိုးနှုန်းကို မြင့်နေတာကို ကျွန်မကြိုပြီး ပြန်ဆပ်ချင်ပါတယ်'' လို့ ဆိုးလ်မြို့က အမျိုးသမီးတစ်ဦးက The Korea Herald   ကို ပြောပြပါတယ်။    ချေးယူသူရဲ့ ချေးငွေအဆင့်ကို ကြောင်းကျိုးမညီညွှတ်တဲ့ စည်းကမ်းတွေနဲ့ သတ်မှတ်ခြင်းနဲ့ ချေးငွေအတိုးနှုန်းများကို မတော်မတရားယူကြောင်း၊ ယခုလို ဆောင်ရွက်နေတဲ့ ပြည်တွင်းဘဏ် ၆၀ ကို စစ်ဆေးတွေ့ရှိရကြောင်း ကိုရီးယား စာရင်းစစ်နဲ့ စစ်ကြောရေးဘုတ်အဖွဲ့က ဇူလိုင် ၂၃ ရက်က ပြောပါတယ်။    အတိုးနှုန်းတွေကို ထပ်တိုးကောက်ခံခြင်းဖြင့် ၂၀၀၈ ခုနှစ် အောက်တိုဘာ ကနေ ၂၀၁၁ ခုနှစ် ဒီဇင်ဘာအထိအဓိကဘဏ်ကြီးများရဲ့ အမြတ်အစွန်းက ဝမ်ထရီလီယံ ၂၀ ရှိကြောင်းထိပ်တန်းစာရင်းစစ်အရာရှိ ကပြောပါတယ်။ ဒီကာလ အတွင်းမှာ နိုင်ငံတော်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းတွေလျှော့ချထားလို့ အိမ်ထောင်စု နဲ့ ကုမ္ပဏီတွေ ရဲ့ ကြွေးမြီတွေမြင့် တက်ခဲ့ပါတယ်။ အိမ်ထောင်စု ချေးငွေတွေရဲ့ ပရီမီယံကြေးက ၂၀၀၈ ခုနှစ်ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း အပြီးမှာ        ၁ ဒသမ ၇၃ ရာခိုင်နှုန်းကနေ ၂ ဒသမ ၅၇ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါတယ်။ ကုမ္ပဏီတွေရဲ့ချေးငွေ ပရီမီယံက ၁ ဒသမ ၇၈ ရာခိုင်နှုန်းမှ ၂ဒသမ ၇၁ ရာခိုင် နှုန်း အထိမြင့်တက်ခဲ့ကြောင်း ဘုတ်အဖွဲ့က ကြေညာပါတယ်။ဒါကြောင့် ၂၀၀၈ ခုနှစ်ကနေယနေ့အထိ အိမ်ထောင်စုတွေအတွက် ဝန်ထုပ်ဝန်ပိုး ဝမ် ၃ ဒသမ ၈ ထရီလီယံ ထပ်တက်ပြီး ကုမ္ပဏီတွေအတွက် ဝမ် ၁၆ ဒသမ ၆ ထရီလီယံမြင့် တက်ခဲ့တဲ့သဘောဖြစ်ပါတယ်။    Source:Koreaherald.com