ကွာလာလမ်ပူ သန့်စင်ပြီး စားအုန်းဆီထုတ် ကုန်များရဲ့တင်သွင်းမှုကို အိန္ဒိယနိုင်ငံ က အခွန်တိုးမြှင့်ခြင်းကြောင့် မလေး ရှားနဲ့အင်ဒိုနီးရှားရှိ စားအုန်းဆီ သန့် စင် စက်ရုံများရဲ့ ကုန်စည်များမှ ဝင် ငွေကို ထိခိုက်နိုင်ကြောင်း လေ့လာ ဆန်းစစ်ရေးမှူးတို့က ပြောပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံက စားအုန်းဆီ ကြမ်းကို အခွန်လွတ် တင်သွင်းခွင့် ပြုတဲ့ အတွက် စားအုန်းဆီကြမ်း (CPO) ထုတ်လုပ်သူများ အတွက် ထိ ခိုက်မှု မရှိကြောင်း သိရပါတယ်။ှSource.thenation multimedia.comဟောင်ကောင် တရုတ်နိုင်ငံက စီးပွားရေးလုပ် ငန်းများ ပြန်လည် ဖွဲ့စည်း တည် ဆောက်တော့မည်ဖြစ်ရာ ထိုသို့ ဖွဲ့ စည်း တည်ဆောက်ပုံ ပြင်ဆင်လိုက် တဲ့အတွက် တရုတ်ကုမ္ပဏီရဲ့ ယှဉ် ပြိုင်နိုင်မှုစွမ်းရည်ကို တိုးမြှင့်နိုင်တော့ မှာဖြစ်လို့ တောင်ကိုရီးယား စီးပွား ရေးအတွက် စိန်ခေါ်မှုများ ဖြစ် ကြောင်း ဆမ်ဆောင်းအာမခံ စာချုပ် စာတမ်းလုပ်ငန်းမှ ထုတ်ပြန်တဲ့ အစီ ရင်ခံစာတစ်စောင်မှာ ဖော်ပြထား တာကို ဇူလိုင် ၂၇ ရက်က တွေ့ရပါ တယ်။ Source:Yonhap News ရောမ ပြည်တွင်းဝယ်လိုအား ကျဆင်း နေတာနဲ့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု ပိုမို ဆိုးဝါးနေတာတွေကိုကြည့်ရင် ယခု နှစ်အတွင်းမှာ အီတလီနိုင်ငံရဲ့ စီးပွားရေးပြန်လည်နာလန်ထူဖို့ မဖြစ် နိုင်သေးဘူးလို့ အီတလီနိုင်ငံရဲ့ အကြီးမားဆုံးစက်မှုလုပ်ငန်း အဖွဲ့ အစည်း ဖြစ်တဲ့ Confindustria က ဇူလိုင်၂၆ ရက်မှာ ထုတ်ပြန်တဲ့ အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။ Source:xinhuaဟနွိုင် အခက်အခဲများအကြား အလူး အလဲရုန်းကန်နေရတဲ့ စီးပွားရေးလုပ် ငန်းတွေကို အကူအညီ ပေးနိုင်ဖို့ ကူးသန်း ရောင်းဝယ်ရေး ဘဏ်တွေ က ချေးငွေအတိုးနှုန်းများကို တစ် နှစ်အတွက်၁၂ ရာခိုင်နှုန်း အောက်ချ လာအောင်အစိုးရကဆောင်ရွက်ပေး ဖို့ စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန မှ အရာရှိ တစ်ဦးက ဇူလိုင် ၂၆ ရက် က ပြောပါတယ်။ ကုန်ထုတ်လုပ်မှု နှေးကွေးနေတဲ့ ကိစ္စကို ဖြေရှင်းရာမှာ စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ ဟနွိုင်မှာကျင်းပတဲ့ဝန်ကြီးဌာနအစည်း အဝေးမှာ ဒီအဆိုကို တင်ခဲ့တာ ဖြစ် ပါတယ်။Source:vietnamnew.vnagncy. com.vn
Background