Main menu

Background

ထိုင်းနိုင်ငံ ဗဟိုဘဏ်က အတိုးနှုန်းကို ဆက်ထိန်းထား

Sun, 07/29/2012 - 07:49 -- Anonymous (not verified)

    ထိုင်းနိုင်ငံ ဗဟိုဘဏ်က အခြေခံအတိုးနှုန်းကို ဇူလိုင် ၂၅ ရက်က အပြောင်းအလဲမရှိ ဆက်လက်ထား ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆိုးဝါးလျက်ရှိနေတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေက အာရှပို့ကုန်များအပေါ် ဖိစီးလျက်ရှိကြောင်း သတိပေးလျက် ရှိပါတယ်။ ထိုင်းဗဟိုဘဏ်ကလိုအပ်လျင် ဝင်ရောက်ကိုင်တွယ် ဖြေရှင်းဖို့ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပေမဲ့ အခြားအာရှ ဗဟိုဘဏ်များရဲ့ လမ်းစဉ်အတိုင်း တရားဝင်ချေးငွေစရိတ်များ ကို လျှော့ချပေးခြင်းကို ရပ်ဆိုင်းထားပါတယ်။     '' စားသုံးသူသုံးစွဲမှု အားနည်းနေတာ၊အမေရိကန်အလုပ် သမားဈေးကွက်ကြောင့် စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးနေတာ၊ ယူရိုဇုန်အကျပ်အတည်းကို  ဘက်စုံအောင်ဖြေရှင်းမှုမပေးနိုင် သေးတာတွေကြောင့် ကမ္ဘာ့စီးပွားရေးမှာ စွန့် စားမှု အန္တရာယ် တွေ ဆက်လက်တိုးပွားနေတုန်းဖြစ်ပါတယ်" လို့ ထိုင်းဗဟို ဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး ပိုင်ဘွန်းကစ်တီရှရီကန်ဂဝန်က ပြောပါတယ်။    ထိုင်းနိုင်ငံစီးပွားရေးတိုးတက်နှုန်းကို ထိုင်းဗဟိုဘဏ်က စောစောပိုင်းမှာ ၂၀၁၂ ခုနှစ်အတွက် ၆ ရာခိုင်နှုန်းရှိခဲ့ပေမဲ့ ၅ ဒသမ ၇ ရာခိုင်နှုန်းထိလျှော့ချခန့်မှန်းခဲ့ပြီး ၂၀၁၃ ခုနှစ် အတွက် တိုးတက်နှုန်းကို ၅ ဒသမ  ၄ ရာခိုင် နှုန်းကနေ ၅ ရာခိုင်နှုန်းထိ လျှော့ချခန့်မှန်းခဲ့ပါတယ်။ထိုင်းနိုင်ငံအတွင်းရေ လွှမ်းမိုးမှု ဖြစ်ခဲ့ပြီးစက်ရုံအများအပြားပိတ်ခံရပြီးနောက် စီးပွား ရေးဖွံ့ဖြိုးမှုကို တွန်းအားပေးနိုင်အောင် ထိုင်းဗဟိုဘဏ်က ဇန်နဝါရီနဲ့ နိုဝင်ဘာလတွေမှာ အတိုးနှုန်းတွေ လျှော့ချ ပေးခဲ့ပါတယ်။ထိုင်းစီးပွားရေးက တစ်စစနာလန်ပြန်ထူလာပြီး အတိုးနှုန်းနည်းတာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတာ နဲ့ အစိုးရရဲ့တွန်းအာေးပးအစီအမံတွေကြောင့် အလားအလာ ကောင်းတဲ့ အဆင့်နီးပါးဖြစ်လာကြောင်း ပိုင်ဘွန်းကပြောပါ တယ်။    နောက်ထပ်အတိုးနှုန်း လျှော့ချမှု ရှိမရှိ စဉ်းစားမယ်ဆို ရင် ငွေကြေးမူဝါဒကော်မတီဝင်ခုနှစ်ဦးအနက် နှစ်ဦးက အတိုး နှုန်းကို သုည ဒသမ ၂၅ရာခိုင်နှုန်း လျှော့ချဖို့ ဇူလိုင် ၂၅ ရက် အစည်းအဝေးမှာ မဲပေးထားပါတယ်။Source:AFP