Main menu

Background

မူဒီက ဂျာမန်ဘဏ်များကို အဆင့် လျှော့ချ

Sun, 07/29/2012 - 08:20 -- Anonymous (not verified)

    ကြွေးမြီအဆင့် သတ်မှတ်ရေး အေဂျင်စီ မူဒီက ဂျာမန်အစိုးရရဲ့ ကြွေး မြီ အဆင့်ကို လျှော့ချခဲ့ပြီးနောက်ပိုင်း ဂျာမန်ဘဏ် ၁၇ ခုရဲ့ အလားအလာ အဆင့်ကို ဇူလိုင် ၂၅ ရက်က အဆင့် လျှော့ချသတ်မှတ်ခဲ့ပါတယ်။ ဂျာမနီ နိုင်ငံမှာ  Landesbank   လို့လူသိများတဲ့ နိုင်ငံတော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဒေသတွင်းဘဏ်များရဲ့ အဆင့်ကို လျှော့ချခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုအဆင့် လျှော့ချတဲ့ထဲမှာ  IKB Deutsche Industriebank  နဲ့ Deutsche Postbank   တွေလည်းပါ ဝင်ပါတယ်။    အစိုးရဘဏ်တွေ အများစုက ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ် အတည်းနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ဥရောပ အကျပ်အတည်းကာလမှာ အလူးအလဲ ရုန်းကန်နေရခဲ့ပါတယ်။ ဘဏ်အများစုက ဂျာမန်ဗဟိုအစိုးရ သို့မဟုတ် ဒေသဆိုင်ရာ အစိုးရများက အာမခံထားတဲ့ ကြွေးမြီတွေကို လက်ခံ ထားရကြောင်း မူဒီက ဖော်ပြခဲ့ပါတယ်။ ဂျာမနီရဲ့ ဗဟိုအစိုးရနဲ့ ဒေသဆိုင်ရာ အစိုးရတွေရဲ့ ကြွေးမြီအဆင့်ထပ်မံ ယို ယွင်းလာရင်ဘဏ်တွေကိုထပ်မံအဆင့် လျှော့ရလိမ့်မယ်လို့ မူဒီက သတိပေး ထားပါတယ်။    ဂျာမနီစီးပွားရေးက ဥရောပ ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ဆက် နွှယ်နေပြီး ကယ်တင်ငွေယူရမဲ့အလား အလာကြောင့် ဂျာမနီရဲ့ကြွေးမြီအဆင့် ကို "Stable" ကနေ " Negative"  အခြေ အနေကိုလျှော့ချခဲ့ပါတယ်။ဂျာမနီနိုင်ငံ ၏ ကြွေးမြီအဆင့်ကို လျှော့ချလိုက် ခြင်းဖြင့် ဥရောပမှာ စီးပွားရေးအရ အကြီးဆုံးနိုင်ငံသည်ပင်လျှင် ယူရိုဇုန် အကျပ်အတည်းမှ လွတ်မြောက်ခြင်း မရှိကြောင်း ပြသလျက်ရှိပါတယ်။Source:AFP