Main menu

Background

လာမဲ့သုံးလအတွင်း စင်ကာပူ၏ အလုပ်အကိုင်ခန့်ထားမှု ကျဆင်းနိုင်

Sun, 07/29/2012 - 08:24 -- Anonymous (not verified)

    စင်ကာပူကုမ္ပဏီများက အလုပ်သမားငှားရမ်းမှုကိုလျှော့ချမှာ ဖြစ်တဲ့ အတွက် လာမဲ့သုံးလအတွင်း အလုပ်အကိုင်လစ်လပ်မှု ကျဆင်းမှာဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီဟတ်ဆန်က မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်စောင်မှာတွေ့ ရပါတယ်။ ဇူလိုင်၊ စက်တင်ဘာလအတွက် စစ်တမ်းကို ကုမ္ပဏီကအလုပ်ရှင်  ၅၆၇ ဦးကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါ တယ်။ အလုပ်ရှင်အများစုက " စောင့်ကြည့်အကဲခတ်" တဲ့ သဘောမျိုး ဆောင် ရွက်နေတဲ့အတွက် အလုပ်အကိုင်ငှားရမ်းခန့်ထားမှု အလားအလာ ကျဆင်းနိုင် ကြောင်း ဇူလိုင် ၂၄ ရက်ထုတ် ပြန်တဲ့ဟတ်ဆန်စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။    စစ်တမ်းမှာပါဝင်သူရဲ့သုံးပုံတစ်ပုံ(၃၄ ဒသမ ၇ ရာခိုင်နှုန်း)ကသာ အလုပ် သမားခန့်ထားဖို့ရှိပြီး ထက်ဝက်ကျော်က အလုပ်အကိုင်ခန့်ထားတာကို နောက် သုံးလပတ်အထိ ရွှေ့ထားပါတယ်။ယခင်သုံးလပတ်က အလုပ် ရှင် ၄၂ ဒသမ ၄ ရာခိုင်နှုန်းက အလုပ်သမားသစ်ငှားဖို့ စီမံခဲ့ပါတယ်။ လာမဲ့သုံးလပတ်မှာ အလုပ်သမားဦးရေကို ၇ ဒသမ ၄ ရာခိုင်နှုန်းလျှော့ချဖို့ ကုမ္ပဏီတွေက စီစဉ်နေ ပါတယ်။ ယခင်သုံးလပတ်က လျှော့ချခဲ့တဲ့ ၆ ဒသမ ၂ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် များနေပါတယ်။    ယခုစစ်တမ်းမှာတွေ့ရှိချက်တွေက လက်ရှိ စီးပွားရေး ရာသီဥတုကို ရောင်ပြန်ဟပ်ပြနေတယ်လို့ ဟတ်ဆန်က ပြောပါတယ်။ဒုတိယသုံးလပတ်မှာ စင်ကာပူရဲ့ စီးပွားရေးက သုံးလပတ်အလိုက် နှိုင်းယှဉ်ရင် ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းမယ်လို့ စင်ကာပူကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက ကြိုတင်စာရင်း အရ သိရပါတယ်။ စစ်တမ်းအရ အလုပ်ရှင်တွေရဲ့ ၂၂ ဒသမ ၉ ရာခိုင်နှုန်းက စင်ကာပူစီးပွားရေးစနစ်ကို အကောင်းဘက်က ရှုမြင်ပြီး ၇၀ ဒသမ ၇ ရာခိုင်နှုန်း က သတိထားရမယ် သို့မဟုတ် မရေရာဘူးလို့ ရှုမြင်ပါတယ်။ အဆိုးဘက်ကို ရှုမြင်သူက ၆ ဒသမ ၂ ရာခိုင်နှုန်းရှိပါတယ်။    ကုမ္ပဏီတွေက ပိုပြီးသတိထားလာတဲ့အတွက် အလုပ်သမားငှားရမ်းရေး လုပ်ငန်းကို ရွှေ့ဆိုင်းထားကြပါတယ်။ ကမ္ဘာ့အဖွဲ့အစည်း များကလည်း လူသစ် ခန့်ထားတဲ့အခါ အကြီးတန်း အမှုဆောင်များရဲ့ အတည်ပြုချက်ကို ရယူပြီး အင်တာဗျူးေ တွကိုလည်း အမျိုးမျိုးပြုလုပ်ပါတယ်။          Source.CNA