Main menu

Background

အာရှပစိဖိတ်ဒေသရဲ့ ဆေးဝါးကုန်ကျစရိတ် ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်

Sun, 07/29/2012 - 08:28 -- Anonymous (not verified)

    အာရှပစိဖိတ်ဒေသမှာ လုပ်သား ဝန်ထမ်းများအတွက် ဆေးဝါးအကျိုး ခံစားခွင့်အတွက်ကုန်ကျစရိတ်က ဆယ် ဂဏန်းထိဆက်လက်မြင့်တက်နေကြောင်း၊ ကမ္ဘာ့အသက်မွေး ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီဖြစ်သော Towers Watson  မှပြုလုပ်သော စစ်တမ်းအရ တွေ့ရပါ တယ်။    ဒေသတွင်းရှိ ဝန်ထမ်းများအတွက် ဆေးဝါး အကျိုးခံစားခွင့် အတွက် ကုန်ကျစရိတ်ဟာ ၂၀၁၁ ခုနှစ်က ၁၀ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၂ ခုနှစ် မှာ ၁၀ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့် တက်မည်ဟု ခန့်မှန်းထားကြောင်း " 2012 Towers Watson Global Medical Trends "ဆိုတဲ့ ၂၀၁၂ ခုနှစ် အတွက် ကမ္ဘာ့ဆေးဝါးရဲ့ ရှေ့အလား အလာ လေ့လာချက် စစ်တမ်းမှာ တွေ့ ရပါတယ်။     အာရှပစိဖိတ်ဒေသမှာ အိန္ဒိယ နိုင်ငံက ဒေသတွင်းမှာ ကုန်ကျစရိတ် အလားအလာ အမြင့်မားဆုံး ရှိနေပြီး ၂၀၁၂ ခုနှစ်အတွက် တိုးတက်နှုန်းက ၁၃ ရာခိုင်နှုန်း ရှိနေပါတယ်။ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်ချက်နဲ့ ပုဂ္ဂလိက အာမခံ တိုး ချဲ့လာပြီဖြစ်တဲ့အတွက်  တရုတ်နိုင်ငံရဲ့ တိုးတက်နှုန်းက ၁၀ ရာခိုင်နှုန်း နီးပါး ရှိနေပါတယ်။     ကျန်းမာရေး အကျိုးခံစားခွင့် အတွက် ကုန်ကျစရိတ် မြင့်မားလာ တာကို ဒေသတွင်းမှာရှိတဲ့ ဖွံ့ဖြိုးပြီး ကျန်းမာရေးဈေးကွက်တွေမှာလည်း လွတ်ကင်းနိုင်မှု မရှိတဲ့အတွက် စင်ကာပူနဲ့ ဟောင်ကောင် ဒေသနှစ်ခု လုံးမှာ တိုးတက်မှုနှုန်းက ၈ ရာခိုင်နှုန်း ကနေ ၉ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ ဆေးဝါးကုန်ကျစရိတ်က ဆက်လက်မြင့်တက်နေပြီး နှစ်အလိုက် တိုးတက်နှုန်းက ၈ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းအကြားမှာရှိနေကြောင်း Towers Watson Thailand   မှ ဒါရိုက်တာ ချရစ်မေးက ပြောပါတယ်။    ဆေးဝါး အသုံးစရိတ် တိုးတက် မှုနှုန်းက ဥရောပမှာ ၄၁ ရာခိုင်နှုန်းနဲ့ မြောက်အမေရိကမှာ ၂၂ ရာခိုင်နှုန်း ရှိနေတာ နဲ့ နှိုင်းယှဉ်ကြည့်ရင် လာမဲ့ ငါးနှစ်အတွင်းမှာ ဆေးဝါးအကျိုး ခံစား ခွင့် ကုန်ကျစရိတ်က ဆက်လက်မြင့် တက် နေဦးမှာ ဖြစ်ကြောင်း အာရှ ပစိဖိတ် မှ စစ်တမ်းမှာပါဝင်ဖြေကြားသူ ၅၀ ရာခိုင်နှုန်းခန့်က ခန့်မှန်းထားပါ တယ်။Source:nationmulti-media.com