Main menu

Background

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသူ သက်ကြီးရွယ်အို တိုးပွားလာ

Sun, 07/29/2012 - 08:32 -- Anonymous (not verified)

ဂျပန်နိုင်ငံမှာ အလုပ်လုပ်လိုတဲ့ သက်ကြီးရွယ်အိုဦးရေ ပိုမိုများပြားလာကြောင်း အသက်အရွယ်ကြီးရင်သူနဲ့ ပတ် သက်တဲ့ ဂျပန်အစိုးရရဲ့ စက္ကူဖြူစာတမ်းမှာ ဖော်ပြထားပါ တယ်။ ဒါပေမဲ့ အသက် ၆၀ ကျော် အလုပ်လုပ်လိုသူများ အတွက် အလုပ်အကိုင်ဖန်တီးမှုနှုန်းက ၄၀ ရာခိုင်နှုန်းသာရှိပါ တယ်။

အမျိုးသားဘတ်ဂျက်လိုငွေ ဆက်လက်မြင့်မားခြင်းနဲ့ အတူ အငြိမ်းစားမယူဘဲ အလုပ်ဆက်လက်လုပ်ကိုင်ရန် ဆန္ဒ ရှိနေတဲ့သက်ကြီးပိုင်းနိုင်ငံသားများတိုးပွားလာခြင်းမှာ ကောင်း သတင်းဖြစ်ပါတယ်။ အသက် ၇၈ နှစ် အရွယ် ဆာတိုရှိကေ လယ်သမားတစ်ဦးမဟုတ်ပါ။အသက် ၅၅ နှစ်အရွယ် အငြိမ်း စားယူချိန်အထိ ရုံးလုပ်သား တစ်ဦးဖြစ်ပါတယ်။အငြိမ်းစားယူ ချိန်မှာသူက ဘွိုင်လာ ထိန်းသိမ်းတဲ့လုပ်ငန်းကို လုပ်ပါတယ်။ဒါပေမဲ့ ကျန်းမာရေး ချို့တဲ့ခဲ့ပါတယ်။ သူက လယ်သမားအလုပ်ကို ပြောင်းလုပ်တာ နှစ်နှစ်ရှိပါ ပြီ။စိုက်ပျိုးရေးလုပ်ငန်းက အသီးအပွင့်တွေပေါ်လာတဲ့ အခါ ပျော်စရာကောင်းတယ်လို့ သူကပြောပါတယ်။ကလေးတွေကို ပြုစုရသလို ခံစားရကြောင်းသူက ပြောပါတယ်။ အသက် ၇၀ ရှိသူ နိုဘူယာစုတာကာဟာရှီကလည်း အလားတူပြောပါ တယ်။ ကိုဟီဆုဂျီကိုင်းအဖွဲ့မှ အမှုဆောင်အရာရှိချုပ်ဟောင်း ရှင်ဂျီနာဂါနူမကလည်း လယ်သမားအလုပ်ကို သဘောကျပါ တယ်။ အသက် ၇၇ နှစ်အရွယ်ကုန်တိုက်လုပ်သားဟောင်း တိုရှီခိမူရာကမူ မူကြိုကျောင်း အကူအဖြစ်ဝင်ရောက်သူ ၁၈ ဦး အနက် တစ်ဦးအပါအဝင်ဖြစ်ပြီး ပုံပြင်များဖတ်ခြင်း၊ ကလေးများနှင့် ကစားခြင်းနဲ့ ကျောင်းဝင်း သန့်ရှင်းခြင်း လုပ် ငန်းကို ကူညီဆောင်ရွက်ပေးပါတယ်။ အသက်ကြီးပိုင်းတို့က အချိန်တိုအလုပ်များကို ဆောင် ရွက်လိုပါတယ်။ ရက်သတ္တပတ် နှစ်ပတ်သုံးပတ်လောက်သာ လုပ်ရတဲ့ အလုပ်မျိုးကို လူငယ်တွေ ငှားရမ်းရဖို့မလွယ်ပါဘူး။လူကြီးပိုင်းတွေငှားရတာ နှစ်ဦးနှစ်ဘက် အကျိုးရှိပါတယ်။လုပ်ငန်းခွင်ဝင်နေကြတဲ့ မိခင်တွေများလာတဲ့အတွက် သူတို့ ကလေးတွေကို ကြည့်ရှု စောင့်ရှောက်ဖို့ နေ့ကလေးထိန်း ကျောင်းနဲ့ မူကြိုတွေ ပိုမိုလိုအပ်လာပါတယ်။အသက်နှစ်နှစ် အောက်ကလေး ၈၈ ရာခိုင်နှုန်းက ကျောင်းဝင်ဖို့ စောင့်နေရ ပါတယ်။ အသက်ကြီးပိုင်းတွေက ကလေးများကို ဂိမ်းများသင် ပေးနိုင်ပါတယ်။ယနေ့ခေတ် မိဘတွေနဲ့ ဆရာတွေ အထိ အတွေ့ နည်းလာတဲ့ ပုံပြင်တွေကို ပြောပြတတ်ပါတယ်။Source.CNA